ခေတ္တခဏ တိမ်းရှောင်နေစဉ်ကာလအတွင်း ရင်ဆိုင်နေရတဲ့ သူမရဲ့အခက်အခဲတွေကိုရေးသား ပြောပြလာတဲ့ ခင်ဝင့်ဝါ

//s9.kh1.co/8b/8b2aeec20b0b57e2cc02e66f4d1be038745dc82f.jpeg
အနုပညာရှင်များ

 ၀၇-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင်  ကျရာနေရာကနေ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေရဲ့အားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူကတော့  သရုပ်ဆောင် ခင်ဝင့်ဝါပဲ  ဖြစ်ပါတယ်။ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများတွင်  ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ အခိုင်အမာ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ရုံသာမကဘဲ  ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်ခဲ့သော မိသားစုဝင်များအတွက်လည်း တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေးခဲ့ပါသေးတယ်။

Photo Crd-Khin Wint Wah’s Facebook Account 
Photo Crd-Khin Wint Wah’s Facebook Account 
Photo Crd-Khin Wint Wah’s Facebook Account 
Photo Crd-Khin Wint Wah’s Facebook Account 

လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့ ခင်ဝင့်ဝါတစ်ယောက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ အခုလိုတရားစွဲခံထားရပေမယ့်လည်း ပရိသတ်တွေက ခင်ဝင့်ဝါရဲ့ သတ္တိရှိမှုတွေကိုလေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ လတ်တလော အခြေအနေအရပ်ရပ်ကြောင့် ခေတ္တတိမ်းရှောင်နေရပေမယ့်လည်း ပရိသတ်တွေ စိတ်ပူမှာစိုးတာကြောင့် သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့်တစ်ခါတစ်ရံ  စာလေးတွေ  ရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။

Photo Crd-Khin Wint Wah’s Facebook Account 
Photo Crd-Khin Wint Wah’s Facebook Account 
Photo Crd-Khin Wint Wah’s Facebook Account 
Photo Crd-Khin Wint Wah’s Facebook Account 

မနေ့ညကလည်း  ခင်ဝင့်ဝါရဲ့ Facebook Story တွင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် ရင်ဆိုင်နေရတဲ့သူမရဲ့အခက်အခဲတွေကို ရေးသား ပြောပြလာတာ ဖြစ်ပါတယ်။ " အခုချိန်မှာ ကိုယ်ရင်ဆိုင်နေရတဲ့ အထီးကျန်ဝမ်းနည်း အားငယ်စိတ်ဓာတ်ကျမှုတွေက အသက်ပေးသွားတဲ့ အာဇာနည်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ ယှဉ်ရင်မြူမှုန်တစ်စမျှသာ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရတဲ့အနုပညာရှင်တော်တော်များများလည်း အခုလိုစိတ်ဓာတ်ကျနေတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်နေကြတာပါ။ အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်ပြီးမိသားစုတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khin Wint Wah’s Facebook Account 

Photo Crd-Khin Wint Wah’s Facebook Account 
Photo Crd-Khin Wint Wah’s Facebook Account 
Photo Crd-Khin Wint Wah’s Facebook Account 
Photo Crd-Khin Wint Wah’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T