တစ်နိုင်ငံလုံးရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားခဲ့သော သရုပ်ဆောင် ဒွေးကတော့ သူချစ်ရတဲ့အနုပညာလောကကို အပြီးတိုင်စွန့်ခွာသွားခဲ့သည်မှာ ဆယ်စုနှစ်ကျော်တိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သူ့ကို ချစ်ကြတဲ့မိတ်ဆွေမောင်နှမများကတော့ ဒွေးရဲ့ အမှတ်တရနေ့ ရက်တိုင်းမှာ ကုသိုလ်ကောင်းမှုတွေ အမြဲပြုလုပ်ပေးခဲဲ့ကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ ဒွေးရဲ့ညီအရင်းတစ်ယောက်လို ချစ်ခင်ရသူတစ်ယောက် ဖြစ်ပါတယ်။
ဒွေးနဲ့ပတ်သက်တဲ့ အမှတ်တရအကြောင်းအရာလေးတွေကိုလည်း ဇွဲနိုင်ဝင်းရဲ့ လူမှုကွန်ယက်တွင် အမြဲရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။ ဒီကနေ့ကတော့ ဒွေး(ခ) ကိုသားကြီးရဲ့ (၅၅) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က ဇွဲနိုင်ဝင်းရဲ့Facebook အကောင့်တွင် သရုပ်ဆောင် ဒွေးရဲ့မွေးနေ့အားရည်စူးပြီး ဘုရားတွင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့တာ ဖြစ်ပါတယ်။
သူကလည်း " ဒီနေ့ ကျွန်တော့် ကျေးဇူးရှင် ဆရာသမား ကိုသားကြီး (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေး)ရဲ့(၅၅)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။HAPPY BIRTHDAY ပါအစ်ကို
? ????အစ်ကို့အတွက်ရည်စူးပြီး ကျွန်တော် ဒီမနက် ရွှေတိဂုံစေတီတော် စနေထောင့်မှာ ရှိခိုးပြီးအောင်မြေမှာ မေတ္တာသုတ်တော်နှင့်(၂၄)ပစ္စည်း ပဋ္ဌာန်း ဒေသနာတော်အကျယ်ကို ရွတ်ဖတ်ပူဇော်ကန်တော့ပြီးကုသိုလ်ပြုခဲ့ပါတယ်ခင်ဗျာ။အစ်ကို သာဓု ခေါ်နိုင်ပါစေ ?????
ချောင်းဝဘုန်းဘုန်းကျောင်းကို သွားပြီး အစ်ကို့ကို သန့်ရှင်းရေးလုပ်ပေးပြီး ကန်တော့ဖို့အတွက် ဖုန်းဆက်တော့ဘုန်းဘုန်းကြီးကျောင်းက ဝင်လို့မရသေးလို့ပါတဲ့။အဲ့ဒါနဲ့ ဘုရားမှာဘဲ အစ်ကို့အတွက် ကုသိုလ်ပြုခဲ့ပါတယ်။အစ်ကို ရှိနေတယ့်နေရာကနေ သာဓုခေါ်နိုင်ပါစေ သာဓုခေါ်ပေး အစ်ကိုရယ် နော် သာဓု သာဓု သာဓု ?????
ကိုသားကြီးနှင့်မွေးနေ့ တစ်ရက်တည်းဖြစ်တဲ့ ကိုလူမင်း ကျန်းမာ ချမ်းသာပြီး အမြန်ဆုံး လွတ်မြောက်ပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ကြတဲ့ သရုပ်ဆောင် ဒွေးတစ်ယောက် ဤကုသိုလ်ကောင်းမှုတွေကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေနော်။ ဒွေးနဲ့ မွေးနေ့တစ်နေ့တည်း ကျရောက်တဲ့ သရုပ်ဆောင် လူမင်းလည်း ကျန်းမာရေးအမြန်ဆုံး ကောင်းမွန်ပြီးမိသားစုနဲ့ ပြန်လည်ဆုံဆည်းပါစေလို့လည်း ဆုတောင်းမေတ္တာပို့သပေးလိုက် ရပါတယ်။
Source and Photo Crd-Zwe Naing Win’s Facebook Account