ဖယောင်းတိုင်မီးများထွန်းကာ မိမိတို့ဆန္ဒတွေကို ပုံဖော်ပြသရင်း ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့ကြတဲ့ ကျောက်ပန်းတောင်းကပြည်သူများ

//s9.kh1.co/68/6800ce0416e106c332f8b461fafebeb276d0b681.jpeg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

......

ယခုလိုအချိန်ကာလမှာတော့ မြန်မာနိုင်ငံပြည်တွင်း ပြည်ပမှာနေထိုင်ကြတဲ့ လူမျိုးဘာသာမရွေး လူကြီး၊လူငယ်ပေါင်းစုံက ကိုယ့်တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ အားသွန်ခွန်စိုက်ကြိုးစားနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း မလျော့သောဇွဲ၊ သတ္တိတို့နဲ့ ရင်ဆိုင်လာကြတာ ဒီနွေဦးတော်လှန်ရေးကြီးဟာ  (၃) လပြည့်သွားပြီလည်းဖြစ်ပါတယ်။ဒီလို အချိန်ကာလတွေမှာလည်း ပြည်သူ​တွေက တစ်ယောက်ကိုတစ်ယောက် လိုအပ်တာတွေကို ကူညီဖေးမရင်း ယုံကြည်ချက်တွေအတွက် ရှေ့ဆက်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

နွေဦးတော်လှန်ရေးကြီးက အရင်လိုငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် နေရာတိုင်းမှာမလွယ်ကူတာကြောင့် ခုဆိုရင် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ Strike လုပ်နိုင်မယ့် နည်းလမ်းတွေကိုစဉ်းစားကာ ဆန္ဒထုတ်ဖော်လျက်ရှိပါတယ်။အပြင်ထွက်နိုင်သူတွေကလည်း ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေကို ပြုလုပ်ကာ အချိန်နေရာဒေသမရွေး ရသလို ဆန္ဒထုတ်ဖော်နေကြတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

နေရာအသီးသီးမှာ ပုံသဏ္ဌာန်မျိုးစုံ ဆန္ဒထုတ်ဖော်လျက်ရှိရာ ကျောက်ပန်းတောင်းမြို့မှာဆိုရင်လည်း မေလ (၅) ရက်နေ့ညပိုင်းမှာ ဖယောင်းတိုင်မီးများနဲ့ မိမိတို့ ဆန္ဒတွေကို ဖန်တီးပုံဖော်ပြသရင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဒါ့အပြင် ကျောက်ပန်းတောင်းကပြည်သူတွေဟာ အခြားလှုပ်ရှားမှုတွေကိုလည်း အင်တိုက်အားတိုက်နေ့ရက်တိုင်းပြုလုပ်လျက်ရှိတာလည်းတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် ကျောက်ပန်းတောင်းမြို့က ပြည်သူတွေရဲ့ ဖယောင်းတိုင်းများထွန်းကာ ဆန္ဒထုတ်ဖော်ခဲ့ပုံတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T