ဆန္ဒထုတ်ဖော်နေချိန် သုံးကြိမ်တိတိ ပစ်ခတ်ဖြိုခွင်းခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပုံကို ပြောပြလာတဲ့ ကျန်းမာရေးမိသားစုသပိတ်

//s9.kh1.co/3c/3c76ad0cd5a22034011e9d21018684d9db5b6b57.jpeg
နေ့စဉ်သတင်းများ

 ၀၅-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ခုဆိုရင် မြန်မာနိုင်ငံနေရာအရပ်ရပ်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ စည်းစည်းလုံးလုံးနဲ့ နွေဦးတော်လှန်ရေးကြီးမှာ ရရာနေရာကနေ နည်းမျိုးစုံကို အသုံးချကာ နေ့ရက်တိုင်း ဆန္ဒထုတ်ဖော်မှုတွေကို ငြိမ်းချမ်းစွာပြုလုပ်လျက်ရှိတာကို တွေ့မြင်ရပါတယ်။ဒီလိုလှုပ်ရှားမှုတွေကိုလည်း အပစ်အခတ်တွေ အဖမ်းဆီးတွေကြားမှာပဲ အသက်ကိုပင်ပေးကာ ဆန္ဒထုတ်ဖော်နေကြရတာလည်းဖြစ်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် နေရာအသီးသီးက လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းတွေဟာလည်း ခုဆိုပြန်လည်ထွက်ရှိလာတာကိုတွေ့မြင်ရပါတယ်။မန္တလေးမှာဆိုရင်လည်း နေ့ရက်တိုင်းလိုလို မြို့နယ်ပေါင်းစုံ တပ်ပေါင်းစုသပိတ် အင်ဂျင်နီယာများအဖွဲ့သပိတ် ကျန်းမာရေးမိသားစုသပိတ်စတဲ့ သပိတ်ကြီးတွေကို လမ်းမတွေထက်မှာ တွေ့မြင်ရပါတယ်။ဒါ့အပြင် ရပ်ကွက်အသီးသီးက သပိတ်တွေလည်း စုပေါင်းထွက်ရှိကြတယ်လို့လည်းသိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီလို ရဲဝင့်စွာ ဆန္ဒထုတ်ဖော်ကြတဲ့ သပိတ်တွေထဲမှာမှ ကျန်းမာရေးမိသားစု သပိတ်ဟာဆိုရင်လည်း သုံးကြိမ်တိတိပစ်ခတ်ဖြိုခွင်းခံရမှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့်  ပြည်သူ့အောင်ပွဲမရမချင်း တော်လှန်မြဲ တော်လှန်နေဦးမယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။ဒါ့အပြင် သပိတ်ထဲမှာ ပါဝင်သူပြည်သူတစ်ဦးကလည်း " ကျန်းမာရေးမိသားစု - မန္တလေးသပိတ်စစ်ကြောင်းဟာ မန္တလေးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခြင်းကို သုံးကြိမ်တိတိ ခံခဲ့ရတယ်။ ဆရာဝန်တွေ၊ သွားနှင့်ခံတွင်းဆရာဝန်တွေ၊သူနာပြုတွေ၊ ဆေးဘက်ပညာသည်တွေ၊ ဆေးဝါးပညာရှင်တွေ၊ ကျန်းမာရေးလုပ်သားတွေ၊ အခြေခံကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးပညာဆိုင်ရာ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆေးပညာ မိသားစုဝင်တွေ၊ ကာကွယ်ပေးတဲ့ ပြည်သူတွေ အဖမ်းဆီးခံရတယ်။ အနှိပ်စက်ခံရတယ်။ ရက်ရက်စက်စက် အသတ်ခံရတယ်။ ဆိုင်ကယ်တွေ၊ ကားတွေ၊ တန်ဖိုးကြီး မိုဘိုင်းလ်ဖုန်းတွေ ဓားပြတိုက်ခံရတယ်။ ဖျက်ဆီးခံရတယ်။ CDM သူရဲကောင်း ကျန်းမာရေးမိသားစုဝင်တွေလည်း နည်းမျိုးစုံနဲ့ ဖိနှိပ်၊ ဝရမ်းဖွင့်၊ ဖမ်းဆီး၊ ဖိအားပေးခံနေရတယ်။ ဘယ်လိုပင် ကြောက်အောင်ခြောက်လည်း ကြောက်ကို မကြောက်တာ ကျွန်တော်တို့ ကျန်းမာရေးမိသားစု - မန္တလေးပါ။လက်နက်အားကိုးနဲ့ လက်နက်မဲ့ ပြည်သူတွေအပေါ် လုပ်ချင်ရာလုပ်ပြီး လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို၊ ဖက်ဆစ်မိစ္ဆာတွေကို ကျန်းမာရေးမိသားစု - မန္တလေးက ငြိမ်းချမ်းစွာနဲ့၊ မရပ်မနားဘဲနဲ့ ပြည်သူ့အောင်ပွဲမရမချင်း တော်လှန်မြဲ တော်လှန်နေဦးမှာပါပဲ။"လို့ဆိုကာ သူရဲ့ခံစားချက်နဲ့အတူ ကြုံတွေ့ခဲ့ရတာတွေကိုပြောကြားထားတာတွေ့မြင်ရပါတယ်။ပရိသတ်ကြီးအတွက် မန္တလေး ကျန်းမာရေးမိသားစုသပိတ်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T