ပူပြင်းလှတဲ့နေပူရှိန်အောက်မှာ အင်အားအပြည့်နဲ့ ချီတက်ခဲ့ကြတဲ့ မန္တလေးအင်ဂျင်နီယာများသပိတ်စစ်ကြောင်း

//s9.kh1.co/97/974eb1bb0b2c04a14707232aa776888eca0aa96e.jpeg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းမျာစွာ ကျဆုံးခဲ့သလို လူပေါင်းထောင်ချီပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ လမ်းပေါ်ထွက်ပြီးဆန္ဒပြတဲ့သူတွေလည်းရှိသလို အိမ်မှာနေရင်းသတင်းတွေမျှဝေပြီး သံပုံးတီးကာ ပါဝင်နေသူတွေလည်းရှိကြပါတယ်။ ပြည်သူတွေဟာ ဘက်ပေါင်းစုံကနေ မိမိတို့ရဲ့ ဆန္ဒတွေကို အမျိုးမျိုးသောနည်းလမ်းတွေနဲ့ဖော်ထုတ်နေကြတာကိုတွေ့ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မျိုးဆက်သစ် လူငယ်တွေကတော့ ဇာတိသွေး၊ဇာတိမာန်ပြည့်ဝပြီး အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံရဲတဲ့ စိတ်လည်း အပြည့်ရှိတာကိုတွေ့ရပါတယ်။အခုဆိုရင် မြို့တိုင်းလိုလိုက လူငယ်တွေဟာ သပိတ်စစ်ကြောင်းမျိုးစုံနဲ့ လမ်းမတွေပေါ်မှာ ပြန်လည်လှုပ်ရှားလာကြတာကိုတွေ့မြင်ရပါတယ်။မန္တလေးမှာဆိုရင်လည်း နေ့ရက်တိုင်းလိုလို နေရာအသီးသီးမှာ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် ပြုလုပ်လျက်ရှိပါတယ်။မေလ (၂) ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာ ဆိုရင်လည်း မန္တလေးအင်ဂျင်နီယာများအဖွဲ့ဟာအခြားသပိတ်စစ်ကြောင်းများနည်းတူ အင်အားအပြည့်နဲ့ ချီတက်ခဲ့လှုပ်ရှားခဲ့ကြတာကိုတွေ့မြင်ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မန္တလေးရဲ့ ပူပြင်းလွန်းတဲ့ နေရောင်အောက်မှာ အခက်အခဲတွေကြားကနေ ဆိုင်ဘုတ်များကိုင်ဆောင်ကာ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ ရဲရဲဝင့်ဝင့်ချီတက်ကြွေးကြော်ခဲ့တယ်လို့ သိရပါတယ်။ဒီသပိတ်ထဲမှာ ပါဝင်သူပြည်သူတစ်ဦးကလည်း " စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တစ်ကမ္ဘာလုံးက ငြိမ်းချမ်းစွာဆန္ဒပြနေကြသူဓမ္မဘက်တော်သားများ ခြိမ့်ခြိမ့်သဲဆင်နွှဲနေကြတဲ့ဒီလိုနေ့မျိုးမှာ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေတွေအနေနဲ့ အရင်နေ့တွေထက် ပိုပြီးရုပ်ပျက်ဆင်းပျက် ကမူးရှူးထိုး အကြမ်းဖက်ဖြိုခွဲနေတဲ့ကြားက မန္တလေးမြို့ရဲ့ပူပြင်းလှတဲ့နေပူရှိန်အောက်မှာ မန္တလေးမြို့ရဲ့အထင်ကရလမ်းမကြီးဖြစ်တဲ့ သိပ္ပံလမ်းမကြီးပေါ်တက်ပြီး စစ်အာရှင်စနစ်ကိုလုံးဝလက်မခံကြောင်း၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကိုသာထောက်ခံကြောင်း၊ ပြည်သူလူထုအားလုံး အကြမ်းဖက်စစ်ကောင်စီဘာပြောပြောဆန့်ကျင်ရမယ့် ဘူးသပိတ် ကိုကျင့်သုံးရမည်ဖြစ်ကြောင်း ငြိမ်းချမ်းစွာကြွေးကြော်ဆန္ဒပြခဲ့ကြသည့် ''မန္တလေးအင်ဂျင်နီယာများအဖွဲ့'' ၏ သပိတ်လမ်းကြောင်း  ဘေးကင်းအောင်မြင်ခဲ့ပါသည်။"လို့ဆိုကာ သူရဲ့ရင်တွင်းခံစားချက်လေးကိုလည်း ဖော်ပြထားပါသေးတယ်။ပရိသတ်ကြီးအတွက် မန္တလေးအင်ဂျင်နီယာအဖွဲ့ရဲ့ လှုပ်ရှားမှုပုံလေးတွေကို မျှဝေပေးလိုက်ပါရစေ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T