အသွင်သဏ္ဍာန်မျိုးစုံနဲ့ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ မုံရွာပြည်သူလူထုရဲ့ သပိတ်စစ်ကြောင်းများ

//s9.kh1.co/fb/fb6c5bdf7556cae6ea8198e8ad931457a84476e2.jpeg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

ပြည်တွင်းပြည်ပ နေရာအသီးသီးမှာနေထိုင်ကြတဲ့ မြန်မာလူမျိုး တစ်ယောက်စီတိုင်းရဲ့ စည်းလုံးညီညွတ်မှုတွေ တီထွင်နိုင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက ချီးကျူးလေးစားခြင်းကိုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ဒီလူထုလှုပ်ရှားမှုကြီးကတော့ အချိန်အားဖြင့် သုံးလရှိခဲ့ပါပြီ။အားလုံးကလည်း ခိုင်မာတဲ့ ယုံကြည်ချက်တွေကြောင့် ဘယ်လိုအခက်အခဲတွေပဲကြုံနေပါစေ နောက်မဆုတ်ဘဲ အသက်ကိုပေးကာ လှုပ်ရှားပါဝင်နေကြတာပါ။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လှုပ်ရှားသူနဲ့ လိုအပ်တာမှန်သမျှပံ့ပိုးထောက်ပံ့သူဆိုပြီး ညီညွတ်နေမှုကြီးကလည်း တကယ်ကို မျက်ရည်ဝဲလောက်အောင်ကြက်သီးထစရာပါပဲ။ ဒါ့ကြောင့်လည်း လူကြီးတွေက GenXYZ  လေးတွေကို ချီးကျူးမဆုံးဖြစ်နေကြတာပါ။ခုဆိုရင် ရပ်ဝေးရပ်နီးနေရာဒေသအစုံမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ တစ်ရက်လေးမှမနားဘဲ ဆန္ဒထုတ်ဖော်မှုတွေကို အင်တိုက်အားတိုက်လှုပ်ရှားလျက်ရှိပါတယ်။ဒီလို နေ့စဉ်တိုင်း အားအင်အပြည့်နဲ့လှုပ်ရှားနေတဲ့မြို့တွေထဲမှာ မုံရွာမြို့လည်း အပါအဝင်ပါပဲနော်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

​မေလ (၂) ရက်နေ့မှာဆိုရင်လည်း မုံရွာရဲ့ ရပ်ကွက်အသီးသီးက သပိတ်စစ်ကြောင်းတွေ စုပေါင်းကာ လမ်းမပေါ်ထွက်လှုပ်ရှားခဲ့ကြတာတွေ့မြင်ရပါတယ်။ဒီလိုလှုပ်ရှားကြရာမှာလည်း အသွင်သဏ္ဍာန်မျိုးစုံနဲ့ ပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါ့အပြင် ဒီလှုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးကလည်း " နွေဦး မေတူးနဲ့အတူ ငါတို့ပြန်လာပြီဆိုသော မုံရွာပြည်သူလူထုသည် အသွင်သဏ္ဍာန်မျိုးစုံ၊ နည်းနာ​ပေါင်းစုံဖြင့် ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ မုံရွာ ပင်မ သပိတ်စစ်​ကြောင်းနဲ့ ရပ်ကွက်စစ်​ကြောင်းအချို့ ဖြိုခွင်းခံရ၊ အဖမ်းဆီးခံရမှု​တွေ ရှိခဲ့​ပေမယ့်လည်းကမ္ဘာလုံးဆိုင်ရာ မြန်မာ့​နွေဦး​တော်လှန်​ရေး​နေ့ လှုပ်ရှားမှုမှာ စောက်ကြောတင်းတဲ့ မုံရွာရှိ ရပ်ကွက်အသီးမှ ပြည်သူလူထုနှင့်လူငယ်များက ပုံစံအမျိုးမျိုးဖြင့် စစ်​ကြောင်းများ ချီကာအာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်။" လို့ဆိုကာ သူရဲ့ ရင်တွင်းခံစားချက်လေးကိုရေးသားဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် မုံရွာမြို့ရဲ့ သပိတ်စစ်ကြောင်းပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T