မိခင်ရင်းသဖွယ် ပြုစုစောင့်ရှောက်ထားသော ကလေးတွေရဲ့အပြုအမူတစ်ခုချင်းစီတိုင်းကို ချစ်နေရတယ်ဆိုတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/3a/3acca7e04f8d9a9c3f431e5c1d4e3e7986dae483.jpeg
အနုပညာရှင်များ

 ၀၃-မေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

ပရဟိတလုပ်ငန်းတွေကို အင်တိုက်အားတိုက် ကြိုးစားလုပ်ဆောင်ရင်း  ပြည်သူတွေလိုအပ်တာကို တတ်နိုင်သလောက်  ဖြည့်ဆည်းပေးနေသူကတော့ သရုပ်ဆောင်  ခိုင်နှင်းဝေ  ဖြစ်ပါတယ်။ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုလည်း တည်ထောင်ထားပြီး စွန့်ပစ်ခံထားရတဲ့ လူမမယ်ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ပရဟိတစိတ်ဓာတ်ကိုလေးစားကြသူတိုင်းကလည်း သူမတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းသို့ သွားရောက်ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 

အားလပ်ရက်တိုင်းမှာလည်း  ဂေဟာမှကလေးတွေနဲ့အတူ တန်ဖိုးရှိတဲ့အချိန်လေးတွေ  ဖြတ်သန်းကုန်ဆုံးလေ့ရှိတာ  ဖြစ်ပါတယ်။ ကလေးတွေရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း  သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေတာကြောင့်  ပရိသတ်တွေအားလုံးက ချစ်မဝ ဖြစ်နေကြတာပါ။ မနေ့ညကလည်း ခိုင်နှင်းဝေရဲ့ Facebook Page တွင်မိခင်ရင်းသဖွယ် ပြုစုစောင့်ရှောက်ထားသော ကလေးတွေရဲ့အပြုအမူတစ်ခုချင်းစီတိုင်းကို ချစ်နေရတယ်ဆိုတဲ့အကြောင်းလေးကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

" သူတို့လေးတွေရဲ့ အပြုအမူတွေက တစ်ခုချင်း  ချစ်နေရပါတယ်..အပြစ်ကင်းစင်တဲ့ ကလေးတွေ မသိနားမလည်တဲ့ ကလေးလေးတွေ...အနာဂတ်မှာ ထွန်းလင်းတောက်ပတဲ့ သူလေးတွေ ဖြစ်ကြပါစေကွယ်..❤️❤️..." ဆိုပြီးကလေးတွေအတွက် ဆုတောင်းပေးထားပါသေးတယ်။  အများပြည်သူအတွက် ကိုယ်ကျိုးစွန့်ကာ  ပရဟိတအလုပ်တွေကိုလုပ်ကိုင်နေတဲ့  ခိုင်နှင်းဝေရဲ့စိတ်ထားကိုတော့ မလေးစားဘဲ  မနေနိုင်ပါဘူးနော်။  အနုပညာလောကမှာလည်း အမြဲအောင်မြင်မှုတွေရရှိပြီး ဘာသာ၊သာသနာအကျိုးကို ထမ်းပိုးဆောင်ရွက်နိုင်သူဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Source and Photo Crd-Khine Hnin Wai’s Facebook Page 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T