အွန်လိုင်းကဈေးရောင်းသူများရဲ့ပို့စ်(၅၀)ကျော်ကို သူမရဲ့အကောင့်တွင် မေတ္တာနဲ့ အခမဲ့တင်ပေးကာ ဖေးမကူညီပေးခဲ့တဲ့ နွေးနွေးချစ်ဖွယ်

//s9.kh1.co/24/2463d1b01c79415ab067a47ff19f9c8f2a0fa2de.jpeg
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့်  စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေများစွာ ရှိနေကြတာပါ။အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲနေသူများကို ပြည်သူတွေ အချင်းချင်းကပဲ ဖေးမကူညီပေးနေတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာကောင်းလွန်းလှပါတယ်။ အဆိုတော် နွေးနွေးချစ်ဖွယ်ကခည်း သူမတတ်နိုင်တဲ့ အခန်းကဏ္ဍကနေ တတ်နိုင်သလောက် ကူညီပေးနေတာပါ။

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 

ဒါကတော့ ခက်ခဲနေကြတဲ့ ဈေးသည်များရဲ့ ကုန်ပစ္စည်းများကို Followers သိန်းကျော်သော သူမရဲ့Facebook အကောင့်မှနေပြီး ၁၀ ရက်တိတိ အခမဲ့ကြော်ငြာပေးမှာ ဖြစ်ပါတယ်။  ဒီအစီအစဉ်ကို မေလ (၁) ရက်နေ့မှာ စတင်ခဲ့ပြီးဒီနေ့နဲ့ဆို (၃) ရက်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခုလိုဈေးရောင်းပို့စ်တွေတင်တဲ့အတွက် အထင်လွဲနေကြတဲ့ပရိသတ်တစ်ချို့ကိုလည်း  သူမရဲ့ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်းသိသွားအောင် ရှင်းပြထားသေးတာပဲ  ဖြစ်ပါတယ်။

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 

မနေ့ညကလည်း နွေးနွေးချစ်ဖွယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မေတ္တာဖြင့် တင်ပေးနေသော ဈေးရောင်းပို့စ်တွေအား ပြည်သူအချင်းချင်းဖေးမတဲ့အနေနဲ့ အားပေးကြဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။ " ဒီနေ့ တစ်နေကုန်  Post 50 ကျော်လောက် မေတ္တာဖြင့် အခမဲ့တင်ပေးထားတယ်။ 

တင်ထားတဲ့ link တွေ မန့်တွေ ဖုန်းတွေကို ဆက်ပြီးဝယ်ကြပါ။

ပြည်သူအချင်းချင်းဖေးမ  

မေတ္တာစိတ်အပြည့်နဲ့ ရှေ့ဆက်ကြမယ်  ပိုက်ဆံပေါနေသူတွေ လိုအပ်ရင် ပိုဝယ်ကြပါ မလိုအပ်လည်း ဝယ်ပါ ? 

လှူတယ်သဘောထားပြီး 

ဝယ်ကြပါ  ဝယ်ပါ  ဘယ်လိုပဲဖြစ်ဖြစ် ဝယ်ပါ နွေးမေတ္တာရပ်ခံပါတယ် 

တချို့တွေ တအားခက်ခဲပြီး လမ်းပျောက်နေကြတယ် ဝိုင်းဝန်းပြီး အချင်းချင်း နိုင်သလောက်ကူညီကြရအောင်နော် ?" ဆိုပြီး ရေးသားထားတာပါ။ မွန်မြတ်တဲ့စိတ်ထားလေးနဲ့ အခုလိုအခမဲ့ ကူညီပေးနေတဲ့ နွေးနွေးချစ်ဖွယ်တစ်ယောက် ကံကောင်းခြင်းတွေအမြဲတမ်းရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nway Nway Chit Phwel’s Facebook Account 

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T