နွေဦးတော်လှန်ရေးကြီးကို ပြန်လည်အသက်ဝင်စေခဲ့တဲ့ ရန်ကုန်မြို့ပေါ်က တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်

//s9.kh1.co/92/92dc39ec7bbc85c97f40ff97b8ed4cb600aad2b4.jpeg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

ဖေဖော်ဝါရီလ (၁) နေ့ထဲကစကာ တစ်ရက်ပြီးတစ်ရက်ကြာမြင့်လာပြီဖြစ်တဲ့ လက်ရှိမြန်မာနိုင်ငံအခြေအနေမှာဆိုရင် ပြည်သူလူထုကလည်း ဒီနေ့ဒီချိန်အထိ ဇွဲမလျော့ကြသေးဘဲ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ နေရာတိုင်းမှာလည်း အဖမ်းအဆီးတွေ အပစ်အခတ်တွေရှိနေတာကြောင့် အရင်လောက်တော့ ဆန္ဒထုတ်ဖော်သူတွေမရှိတော့ပေမယ့် ပြည်သူတွေကတော့ ရရာနေရာကနေ  strike လုပ်နိုင်မယ့် နည်းလမ်းတွေကို အချိန်ပြည့် စဉ်းစားနေကြတာလည်းဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီရက်ပိုင်းမှာတော့ ရန်ကုန်အပါအဝင် အခြားမြို့ကြီးတွေမှာ လူငယ်တွေစုပေါင်းပြီး ပြောက်ကြားသပိတ်တွေကို အားအင်အပြည့်နဲ့  ပြန်လည်လှုပ်ရှားလာကြတာကို တွေ့မြင်နေရပါတယ်။ ဧပြီ (၂၃) ရက်နေ့က စပြီး " ဘာတွေလည်း ရန်ကုန်သားတွေ" ဆိုတဲ့ သပိတ်စစ်ကြောင်းကြောင့် ရန်ကုန်ရဲ့ နွေဦးတော်လှန်ရေးကြီးဟာ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ နောက်ရက်တွေမှာလည်း ရန်ကုန်ရဲ့ လမ်းမတွေထက်မှာ မြို့နယ်ပေါင်းစုံ အထွေထွေသပိတ် ပူးပေါင်းသပိတ်စစ်ကြောင်း စတဲ့ သပိတ်တွေကိုလည်း လှုပ်ရှားခဲ့ကြပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ယနေ့ မေလ (၂) ရက်နေ့ဟာဆိုရင်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာနွေဦးတော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ကြပြီး နိုင်ငံရပ်ခြားမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကလည်း သူတို့ရောက်ရှိရာနေရာကနေဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ရန်ကုန်မြို့မှာဆိုရင်လည်း နေရာအစုံကသပိတ်စစ်ကြောင်းတွေထွက်ရှိလာကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင် လူငယ်တွေစုပေါင်းပြီး တိုင်းရင်းသားအလံပေါင်းစုံကိုင်ဆောင်ကာ ချီတက်ခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ် ကြီးလည်းပါဝင်ခဲ့ပြီး တက်ကြွနေတဲ့ လူငယ်တွေရဲ့ ကြွေးကြော်သံတွေနဲ့ဆူညံသွားခဲ့ပါတယ်။ပရိသတ်ကြီးအတွက် ရန်ကုန်မြို့ရဲ့ တိုင်းရင်းသားပေါင်းစုံသပိတ်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T