စွန့်ပစ်ခံရတဲ့ လူမမယ်ကလေးမှန်သမျှ ကြင်နာနွေးထွေးမှုဖြင့် ပြုစုစောင့်ရှောက်ဖို့ အသင့်ရှိနေကြောင်း ပြောပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/f5/f5b67ccb80ece5468f9be8d8bbb8df305312444e.jpeg
အနုပညာရှင်များ

 ၀၁-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေနဲ့ အနုပညာလောကမှာ  ဆယ်စုနှစ်ကျော်တိုင်အောင်  အောင်မြင်မှုတွေရရှိထားသူကတော့  သရုပ်ဆောင်  ခိုင်နှင်းဝေ  ဖြစ်ပါတယ်။  သူမကတော့  လက်ရှိအချိန်မှာ  ပရဟိတအလုပ်တွေကို အားကြိုးမာန်တက်  ကူညီဆောင်ရွက်ပေးနေတာကိုလည်း  မြင်တွေ့ကြရမှာပါ။ ဒါ့အပြင်  ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး  လူမမယ်ကလေးများစွာကို မိခင်ရင်းပမာ  ပြုစုစောင့်ရှောက်ပေးနေတာ  ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

လူတိုင်းအပေါ် အမြဲကူညီပေးချင်တဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကတော့  မွန်မြတ်လှပါတယ်။ မနေ့ညကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  စွန့်ပစ်ခံရတဲ့ လူမမယ်ကလေးမှန်သမျှ ကြင်နာနွေးထွေးမှုဖြင့် ပြုစုစောင့်ရှောက်ဖို့ အသင့်ရှိနေကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။ ဒီကလေးဟာ မိခင်ဖြစ်သူမှ မွေးပြီးပြီးချင်းမှာပစ်သွားတာခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။  ကလေးရဲ့အထက်မှာလည်း ယောကျာ်းလေးနှစ်ယောက်ရှိတာကြောင့်ဖခင်ဖြစ်သူက တစ်ယောက်တည်းမမွေးနိုင်တော့တာကြောင့် မိရင်းဖရင်းလို မွေးစားချင်သူများအား ပေးဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ကလေးရဲ့မွေးစာရင်းပါ တစ်ပါတည်းပါရှိတယ်လို့လည်း သိရှိရပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

ခိုင်နှင်းဝေကလည်း " ဒီ ကလေးလေး သတင်းကို လာပို့ပေးကြတဲ့ သူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်..ကျွန်မအနေနဲ့ စွန့်ပစ်ခံရတဲ့ ဘယ်ကလေးမဆို  ပြုစု စောင့်ရှောက်ပေးမှာပါရှင်..အမှန်တကယ် အကူအညီလိုအပ်နေပြီး ကျွန်မထံသို့ ပို့ဆောင်ရန် ကာယကံရှင်များ ဆန္ဒရှိပါက ကျွန်မရဲ့ ပရဟိတဖုန်း 09-793841108 သို့ဆက်သွယ်နိုင်ပါတယ်ရှင်..???....." ဆိုပြီး ရေးသားထားတာပါ။ ခိုင်နှင်းဝေတစ်ယောက် ပရဟိတလုပ်ငန်းတွေကို ဒီ့ထက်မက ပိုမိုဆောင်ရွက်နိုင်ပါစေနော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T