နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုပုံရိပ်များအား ပြန်လည်ဝေမျှရင်း နောက်ထပ်လုပ်ဆောင်မယ့် အရာတွေကိုပြောပြလာတဲ့ နွေးနွေးချစ်ဖွယ်

//s9.kh1.co/1c/1ccc649dc1dd73a6a1805fb492e5967d398f3d66.jpeg
အနုပညာရှင်များ

 ၃၀-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုရင်း  ဂီတလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင်  ရပ်တည်နေသူကတော့  အဆိုတော် နွေးနွေးချစ်ဖွယ်  ဖြစ်ပါတယ်။  မိဘနှစ်ပါးအား လုပ်ကျွေးပြုစုနေတဲ့  သမီးအလိမ္မာလေးဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီး ချစ်နေခင်အားပေးနေကြတာပါ။  ကိုယ်တိုင်အပင်ပန်းခံပြီး ရှာဖွေထားတဲ့ချွေးနည်းစာများဖြင့်လည်း  အလှူအတန်းတွေ များစွာပြုလုပ်ရင်း  အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေတာ  ဖြစ်ပါတယ်။

Photo Crd-Nway Nway Chit Phwel’s Facebook Account 

​သူမဟာ  ဘာသာရေးလည်း ကိုင်းရှိုင်းလွန်းသူတစ်ယောက်ဖြစ်ပြီး  မကြာခဏဆိုသလို တရားစခန်းတွေဝင်ရောက်လေ့ရှိသူ  ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဘာသာရေးခရီးစဉ်စတင်တော့မယ့်အကြောင်းအား  ပရိသတ်တွေကို  အသိပေးထားပါသေးတယ်။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  နွေးနွေးချစ်ဖွယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  အရင်ထက်ပိုပြီး ကုသိုလ်တွေပိုလုပ်ကာ အလုပ်တွေကြိုးစားရင်းပျော်အောင်နေထိုင်သွားမယ့်အကြောင်းကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 

သူမကလည်း " လူဖြစ်လာရကတည်းက ကိုယ်ပြုခဲ့တဲ့ကုသိုလ် အကုလ်သိုလ် ကံတို့ရှိရာ လမ်းကိုတော့ ပြန်ကြရမယ့် ဧည့်သည်တွေပဲ

လောကကြီးကိုစိတ်ကုန်ပြီလားမေးရင်မကုန်ပါဘူး အားတင်းတယ် ဘယ်သောအခါမှအရှုံးမပေးဘူး 

ကိုယ်နောက်မှာမှီခိုသူအများကြီးရယ်

လောကကြီးထဲပေးဆပ်ဖို့ရောက်လာတဲ့ကျွန်မက ဒါကိုပဲပျော်နေလိုက်တာ ကိုယ့်အတွက်စဉ်းစားဖို့တောင်မေ့မေ့နေတယ်

ကိုယ့်အတွက်ကောင်းတာလေးတွေသယ်သွားလို့ရအောင် အခုထက်ပိုပြီး ကုသိုလ်ပိုလုပ်မယ် ပျော်အောင်ထပ်နေမယ် အလုပ်ပိုကြိုးစားမယ်" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။  ပရိသတ်တစ်ဦးမှလည်း သူမပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကြောင့် အသက်တစ်ကြိမ်ရှုတိုင်း ငွေတွေဝင်ပါစေလို့လည်း ဆုတောင်းပေးထားတာပါ။ပရိသတ်တွေလည်း သိရှိနိုင်စေရန် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Nway Nway Chit Phwel’s Facebook Account 

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T