သီချင်းဆိုပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှတစ်ဆင့် ဂီတလောကထဲကို ဝင်ရောက်လာသူကတော့ အဆိုတော် မီးနိုပဲ ဖြစ်ပါတယ်။ ချိုသာတဲ့အသံလေးနဲ့ သီချင်းတွေကို ပရိသတ်တွေနားထဲ စွဲနေအောင် သီဆိုနိုင်သူ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေများတွင် ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မီးနိုရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကရင်ပြည်နယ်မှ စစ်ဘေးရှောင် တိုင်းရင်းသားအစ်ကို မောင်နှမများအတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ထိုနေရာများဟာ အမှန်တကယ် လိုအပ်နေကြတာဖြစ်လို့ ထပ်လှူဖို့စီစဉ်နေတဲ့ အကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။
" ငါတို့မှာ ငါတို့ပဲရှိတယ်..??(အလှူလေးထပ်ကောက်ခံချင်ပါတယ်)
တစ်နေ့ကတော့ မီးနိုတို့ တောင်ဒဂုံဘက်ကိုသွားလှူဖြစ်ခဲ့ပါတယ်.. ကျဆုံးအိမ် ၂ အိမ်၊ ဒဏ်ရာရ ၂ အိမ်ကို အလှူငွေကိုယ်တိုင်သွားရောက်ပေးအပ်ခဲ့တယ်..အခြေခံစားသောက်ကုန်တွေကိုတော့ အိမ်ခြေ ၉၀ ကို လှူဖြစ်ခဲ့ပါတယ်..
ခုချိန်ထိ မီးနိုကို ယုံကြည်ပြီး လှူပေးနေကြတဲ့ အလှုရှင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်..
ကရင်စစ်ဘေးရှောင်ပြည်သူအတွက် ထပ်ပြီးလှူဖို့ရှိပါတယ်..အလှူငွေလေးတွေကူညီပေးကြပါအုန်း..
အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမို့လို့ မီးနိုထပ်လှူဖို့စီစဉ်နေတာပါ..
ပါဝင် လှူဒါန်းလိုသူများလည်းအနေနဲ့
K Pay-နံပါတ် 095090994 (Poe Eain Phyu) နဲ့
Aya bank- 0114201010016977(Ko Zaw Thu Aung)
တို့ကို ပေးပို့လှူဒါန်းလို့ရပါတယ်ရှင်...
ငွေလွှဲထားတဲ့ Screenshot လေးတွေလည်း မီးနိုရဲ့ Messenger ကို ပို့ပေးထားဖို့ မမေ့ပါနဲ့နော်..
အရေးတော်ပုံအောင်ရမည်..?✊" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုတတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ဖြည့်ဆည်းပေးနေတဲ့ မီးနိုရဲ့ စိတ်ထားလေးကတော့ အားကျစရာပါပဲ။ ပရိသတ်ကြီးလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်။
Source and Photo Crd-Mee No’s Facebook Page