လူကြီးလူငယ်မရွေး ဘာသာပေါင်းစုံပါဝင်လှုပ်ရှားခဲ့တဲ့ မန္တလေးမြို့ရဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်း

//s9.kh1.co/29/29e6beb3df87515acce27d588285ec3a62bef0da.jpeg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံ နေရာအရပ်ရပ်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ ခုဆိုရင် ကိုယ့်နိုင်ငံအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး တာဝန်ကျေပွန်ပေးနေကြတာဖြစ်ပါတယ် ။စည်းစည်းလုံးလုံးနဲ့ ရရာနေရာတွေကနေ ဆန္ဒထုတ်ဖော်မှုတွေကို ငြိမ်းချမ်းစွာပြုလုပ်လျက်ရှိတာကို တွေ့မြင်ရပါတယ်။ဒီလှုပ်ရှားမှုတွေမှာ အဓိကပါဝင်ကြတဲ့ လူငယ်မျိုးဆက်သစ်လေးတွေရဲ့ တီထွင်နိုင်မှုတွေကလည်း တကယ်ကို လေးစားစရာကောင်းလွန်းတာ အမှန်ပါပဲ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင် ရန်ကုန်အပါအဝင် မန္တလေးစတဲ့ မြို့ကြီးတွေမှာ လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းတွေ ပြန်လည်ထွက်ရှိလာတာကိုလည်းတွေ့မြင်ရပါတယ်။ဧပြီလ (၂၈) ရက်နေ့ မန္တလေးမှာလည်း လူကြီးလူငယ်မရွေး ဘာသာပေါင်းစုံဟာ ပြောက်ကျားသပိတ်ကြီးကို နေရာအစုံမှာ လှုပ်ရှားခဲ့ကြတာကိုတွေ့မြင်ရပါတယ်။ဒီသပိတ်စစ်ကြောင်းကြီးမှာဆိုရင် ပြည်သူတွေပါမက သံဃာတော်များလည်းပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မန္တလေးမြို့ရဲ့ တပ်ပေါင်းစုသပိတ်မှာ ပါဝင်ခဲ့တဲ့ ပြည်သူတစ်ဦးကလည်း " တိုင်းပြည်မှာ မတရားမှုတွေက ကြီးစိုးလာတဲ့အခါ ခုခံတော်လှန်ဖို့က ကျနော်တို့ လူထုရဲ့ သမိုင်းပေး တာဝန်ဖြစ်လာတယ်။ကျနော်တို့ ဒီနွေဦး‌တော်လှန်ရေးသည် လူတစ်ဦးတစ်ယောက် အကျိုးအတွက်၊ ပါတီတစ်စုတစ်ဖွဲ့ အကျိုးအတွက်သက်သက်မျှ ရည်ရွယ်ဆောင်ရွက်နေကြခြင်း မဟုတ်။ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့၏ ခံယူချက်၊ ရပ်တည်ချက်၊ အသိစိတ်ဓာတ်ဖြင့် တော်လှန်ရေး အရေးတော်ပုံကြီးတွင် ဝင်ရောက်ဆင်နွှဲနေကြခြင်း ဖြစ်သည်။"လို့ဆိုကာ သူရဲ့ရင်တွင်းခံစားချက်လေးတွေကိုလည်းဖော်ပြထားတာတွေ့မြင်ရပါတယ်။ဖိနှိပ်ခံရမှုတွေကြားထဲကနေ ခုလိုအမျိုးမျိုးသောပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေရှိနေတာ တကယ်ကိုလေးစားစရာမြင်ကွင်းတွေပါပဲနော်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T