De Ridder ကိုထပ်မံရှုံးနိမ့်ပြီး Light HeavyWeight ချန်ပီယံ ခါးပတ်ကိုပါပေးလိုက်ရတဲ့ အောင်လ

//s9.kh1.co/9a/9ae41194bfa293fca5d52fec9027d681abe3a8b5.jpg
အားကစားသတင်းများ

 ၂၉-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အောင်လအန်ဆန်းကတော့ ဒီကနေ့မနက်မှာ Light HeavyWeight ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ အဖြစ် De Ridder နဲ့ထိုးသတ်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့ရပါတယ်။

အောင်လဟာ ဒီရစ်ဒါနဲ့ ​ရှေ့နှစ်တုန်းကလည်း Middle Weight ချန်ပီယံခါးပတ်ကာကွယ်ပွဲ အဖြစ်ထိုးသတ်ခဲ့ပြီး ရှုံးနိမ့်ခဲ့တာ​ကြောင့် ခါးပတ်ကို ဒီရစ်ဒါကိုပေးအပ်ထားခဲ့ရတာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/1d/1de456ea0530e69207539de2e5f46dacbf7fd3ee.jpg

ဒီကနေ့မနက် ယှဥ်ပြိုင်ထိုးသတ်တဲ့ Light Heavey Weight ချန်ပီယံခါးပတ်လုပွဲမှာလည်း ဒီရစ်ဒါဟာ အောင်လကို လုံးဝထိုးခွင့်မပေးခဲ့ပဲ ချုပ်ကွက်နဲ့သာ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ယှဥ်ပြိုင်ထိုးသတ်တဲ့ ငါးချီလုံးမှာ ဒီရစ်ဒါဟာ အောင်လကို ချုပ်ကွက်မျိုးစုံနဲ့ ထိန်းချုပ်ခဲ့ပြီး နောက်ဆုံးချီပြီးခါနီး အချိန်လေးမှာ အောင်လအခွင့်နည်းနည်းပြန်သာခဲ့ပေမယ့် ပွဲချိန်ပြည့်သွားတဲ့ အချိန်မှာတော့ ဒီရစ်ဒါက အမှတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d1/d1bb54fd98c28a7a09d099dec6a54cb3781c3610.jpg
https://s9.kh1.co/__image/w=650,h=366,q=100/c7/c768eca0f2cd11453ac4512c7bad3801e76296e1.jpg

အောင်လအနေနဲ့လည်း ဒီရစ်ဒါရဲ့ ချုပ်ကွက်တွေကို အကောင်းဆုံးပုံစံနဲ့ တုန့်ပြန်ခဲ့ပေမယ့်လည်း ဒီရစ်ဒါက လုံးဝအခွင့်အရေးမရအောင် ထိန်းချုပ်ထားတဲ့အတွက် အရှုံးရလာဒ်နဲ့ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်အောင်လဟာ ဒီရစ်ဒါကို Light Heavy Weight ချန်ပီယံခါးပတ်ကိုပါ ပေးခဲ့ရပြီး ဒီရစ်ဒါဟာ Middle Weight ချန်ပီယံခါးပတ်နဲ့ Light Heavy Weight ချန်ပီယံခါးပတ်ကိုပါ ပိုင်ဆိုင်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/9d/9d29f4329d2ef9da400b65c1c1c1d9ce081fd247.jpg
https://s9.kh1.co/__image/w=650,h=366,q=100/68/68cdf5922bfa18bc8fcf4e10ca8cdc0964052b83.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T