ဦးခေါင်းတွင် ရေအိတ်တည်နေတာကြောင့် ခွဲစိတ်ကုသဖို့ငွေကြေးလိုအပ်နေသော ကလေးငယ်အား ကူညီပေးကြဖို့တောင်းဆိုလိုက်တဲ့ ဝေဠုကျော်

//s9.kh1.co/0b/0bc974d2072c29e0b562240dcfd1eea70786c7a4.jpeg
အနုပညာရှင်များ

 ၂၈-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဝေဠုကျော်ကတော့  ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အနုပညာလောကမှာ နေရာတစ်နေရာရရှိထားသူ  တစ်ဦးဖြစ်ပါတယ်။  လက်ရှိမှာလည်း  ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ  ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို  ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ ဝေဠုကျော်ကိုတော့  ပရိသတ်တွေကလေးစားနေကြတာပါ။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

လတ်တလောမှာလည်း  စားဝတ်နေရေးခက်ခဲနေတဲ့  ပြည်သူတွေကို  စားနပ်ရိက္ခာတွေ  ကိုယ်တိုင်သွားရောက်  လှူဒါန်းပေးနေတာ  ဖြစ်ပါတယ်။  အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက်  ငွေကြေး လိုအပ်နေသူတွေကိုလည်း  တတ်နိုင်တဲ့ဘက်ကနေ  ကူညီပေးနေတာပါ။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဦးခေါင်းမှာရေအိတ်တည်နေတာကြောင့် ခွဲစိတ်ကုသဖို့ ငွေကြေးခက်ခဲနေတဲ့ကလေးအတွက် ကူညီပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

သူကလည်း " 27-4-2021

#ညီညီအောင်

ဧရာဝတီတိုင်းဒေသကြီး၊မော်လမြိုင်ကျွန်းမြို့နယ်၊သပြေကျွန်းကျေးရွာကပါ။

ခေါင်းရေအိတ်တည် ရောဂါပါ။

အသက်က တစ်နှစ်ပါ။

ဆေးရုံတက်ခါနီး 

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဆေးရုံတွေ ပိတ်ပြီး မလာဖြစ်ခဲ့တာပါ။

အခုတစ်ခါ

သင်္ကြန်မတိုင်ခင်က ရန်ကုန်ရောက်ရှိပြီး ခွဲစိတ်ဖို့ ကြိုးစားပါတယ်။

ဒီနေ့ ရက်ချိန်း ပြန်ပြတော့ ဆေးရုံအဆင့်ဆင့် သွားရတာ တစ်နေကုန်ပါပဲ။

ဓာတ်မှန်ရိုက်ပြီး နောက်နေ့ နောက်ထပ်ဆေးရုံတစ်ခုကိုထပ်ပြရပါအုံးမယ်။

မနက်ဖြန် ဆေးရုံတက်ခွဲစိတ်ရဖို့ အဖြေသိရပါမယ်။

အရင်လိုတော့ မလွယ်ကူပါဖူး။

ကျွန်မကလည်း ကလေးခေါင်းက တော်တော်ကြီးလာနေတော့ မခွဲမပြီးမချင်း စိတ်ပူနေရတာပါ။

ဒီနေ့အပြင်ဆေးရုံမှာ ဓာတ်မှန်ရိုက်တာ ၁၄၀၀၀၀ကျပ် ကုန်ပါတယ်။

ဆေးရုံ ပေါင်းများစွာကို တနေကုန် အဆင့်ဆင့်သွားရတာကြောင့် ကားဆီခလည်း တော်တော်ကုန်ကျခဲ့ပါတယ်။

သားလေး ညီညီအောင် မနက်ဖြန် ဆေးရုံတက်ရပြီး ခွဲစိတ်မှု အဆင်ပြေပါစေလို့ ဆုတောင်းနေရပါတယ်။

ဆေးရုံတက်ဖြစ်လို့ ခွဲစိတ်မှုအတွက် ငွေလိုရင် အလှူခံတင်ပါ့မယ်။

ဝိုင်းဝန်း အသက်ကယ်ပေးကြပါဦးနော်။

#ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484 " ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T