အခက်အခဲတွေကြားမှာပဲ ရဲဝင့်စွာ ချီတက်ခဲ့ကြတဲ့ GenXYZ တွေရဲ့ရန်ကုန်မြို့ အလုံသပိတ်

//s9.kh1.co/ad/ad5862cd01b0d160e3cd6ba30836ae3238a02304.jpeg
နေ့စဉ်သတင်းများ

 ၂၈-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

......

GenXYZ လေးတွေကတော့ ဒီလှုပ်ရှားမှုကြီးမှာအဓိကကျတဲ့ သူရဲကောင်းလေးတွေဆိုလည်းမမှားပါဘူး။ သတ္တိရှိမှု စည်းလုံးမှု တီထွင်ကြံဆမှုတွေကောင်းလွန်းတာကြောင့် ပြည်သူအားလုံးကလေးစားချီးကျူးနေကြတာလည်းဖြစ်ပါတယ်။သူတို့ကိုယ်တိုင်လည်း ရှေ့တန်းကနေ လှုပ်ရှားမှုတွေပြုလုပ်သလို ဖြိုခွင်းခံရမှုတွေကိုလည်း အကာအကွယ်အပြည့်အစုံနဲ့ တိုက်ခိုက်ကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါကြောင့်လည်း နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ သူရဲကောင်း (၇၀၀) ကျော်ကျဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူတွေလည်း ထောင်ချီရှိနေခဲ့ပါတယ်။ဘယ်လို အကြောင်းအရာ အခက်အခဲတွေပဲရှိနေပါစေလူငယ်တွေအားလုံးကတော့ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမရင်း နေ့ရက်တိုင်း ရရာနေရာတွေကနေ strike မျိုးစုံကိုလှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။သွေးမတော်သားမစပ်ကြပေမယ့်လည်း လမ်းပေါ်ရောက်တာနဲ့ တူညီတဲ့ ရည်ရွယ်ချက်တွေကြောင့် စည်းလုံးသွားကြတာလည်း တကယ်ကိုလေးစားစရာမြင်ကွင်းတွေပါ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီရက်ပိုင်းမှာဆိုရင်လည်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ပြောက်ကျားသပိတ်ပြုလုပ်နေတဲ့ လူငယ်တွေများစွာရဲ့ သပိတ်စစ်ကြောင်းတွေကို ပြန်လည်တွေ့မြင်နေရပါတယ်။အခုလည်း အလုံမြို့နယ်က GenXYZ တွေစုပေါင်းကာ ပြောက်ကျားသပိတ်ကို ချီတက်လှုပ်ရှားခဲ့ကြတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် ရန်ကုန်မြို့အလုံသပိတ်ရဲ့ ပုံရိပ်တွေကိုပြန်လည်ဝေမျှပေးရင်း မြန်မာပြည်ကြီး အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T