ပရဟိတလုပ်ရာတွင် ကိုယ်ကူညီတဲ့ အလုပ်တိုင်းမှာ တာဝန်ကျေဖို့ လိုအပ်ကြောင်း ပြောလာတဲ့ ထူးအယ်လင်း

//s9.kh1.co/ab/ab3e4fdb0b0725e407d94ea35124bd757f4960ab.jpeg
အနုပညာရှင်များ

 ၂၇-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

အသံပါဝါအားကောင်းကောင်းနဲ့  တေးသီချင်းပေါင်းများစွာကို  သီဆိုနေသူကတော့  အဆိုတော်  ထူးအယ်လင်းဖြစ်ပါတယ်။  သူကတော့ ဆယ်စုနှစ်  နှစ်ခုတိုင်အောင်  ပရိသတ်တွေရဲ့  အားပေးမှုတွေနဲ့  ဂီတလောကမှာ  အောင်မြင်မှုတွေများစွာ  ရရှိထားတာ ဖြစ်ပါတယ်။  ပရိသတ်တွေကလည်း   သူသီဆိုတဲ့  သီချင်းဟောင်းတွေကို ယနေ့ချိန်အထိ အားပေးနားဆင်နေကြဆဲ ဖြစ်ပါတယ်။

Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 

ထူးအယ်လင်းကတော့  ပရဟိတလုပ်ငန်းတွေမှာလည်း  ကိုယ်တတ်နိုင်တဲ့ဘက်ကနေ  ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပါတယ်။  အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေဘက်ကနေ  မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ ထူးအယ်လင်းရဲ့စိတ်ဓာတ်ကတော့  လေးစားစရာပါပဲ။  လတ်တလောမှာတော့ နယ်မြို့တွေသို့ သွားရောက်ပြီး ဘုရားစေတီတွေတည်ကာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတာပါ။

Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 

သူ့ရဲ့ လှူဒါန်းမှုပုံရိပ်တွေကိုလည်း  ပရိသတ်တွေသာဓုခေါ်ဆိုနိုင်အောင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ပြန်လည်ဝေမျှပေးနေတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ထူးအယ်လင်းရဲ့ Facebook အကောင့်တွင်  " ကိုယ်ကူညီတဲ့ အလုပ်တိုင်းမှာ တာဝန်ကျေပါစေ... ညီကိုတို့ ?" ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။  ကိုထူးအယ်လင်းလည်း ဒီ့ထက်ပိုပြီး ပရဟိတအလုပ်တွေကို များစွာကူညီနိုင်ပါစေနော်။

Source and Photo Crd-Htoo El Lynn’s Facebook Account 

Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T