ပရိသတ်တွေ စိတ်မပူစေဖို့ သူ့ရဲ့ ပုံရိပ်အား အမောပြေတင်ပေးလာပြီး လက်ရှိလုပ်ဆောင်ချက်တွေကိုပါ ပြောပြလာတဲ့ ရှိုင်း

//s9.kh1.co/5e/5e6732afc7f9779afef2143a3d2f8a4a33862ae2.jpeg
အနုပညာရှင်များ

 ၂၇-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သီချင်း မြူးမြူးလေးတွေ သီဆိုကာ  ပရိသတ်တွေရဲ့ တစ်ခဲနက် နှစ်သက်အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူကတော့  အဆိုတော်  ရှိုင်း  ဖြစ်ပါတယ်။  ဂီတလောကထဲသို့ ရောက်ရှိလာတာ သိပ်မကြာသေးပေမယ့်  အချိန်တိုအတွင်း  အောင်မြင်မှုတွေ ရရှိလာသူ ဖြစ်ပါတယ်။ ရှိုင်းကတော့  ရခိုင်လူမျိုးတစ်ယောက်ဖြစ်ပြီး  သူ့နေထိုင်တဲ့မွေးရပ်မြေတိုးတက်ဖွံ့ဖြိုးအောင်  တတ်နိုင်တဲ့ဘက်ကနေ  ကူညီဆောင်ရွက်ပေးနေသူ  ဖြစ်ပါတယ်။ 

Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 

သူ့ရဲ့ ချွေးနည်းစာငွေများဖြင့်လည်း  စားဝတ်နေရေးခက်ခဲနေသော  ပြည်သူတွေကို  ထောက်ပံ့ပေးနေတာပါ။ ဒါ့အပြင်  မိတ်ဆွေများစုပေါင်းကောက်ခံရရှိထားတဲ့  အလှူငွေများအား  ရခိုင်ပြည်နယ်မှာရှိတဲ့  တိမ်ညိုစစ်ဘေးရှောင်စခန်းမှ  မီးဘေးသင့်ပြည်သူများထံ ကိုယ်တိုင်သွားရောက်  လှူဒါန်းပေးခဲ့သူပါ။ သူ့ရဲ့ လှူဒါန်းမှုအစုစုကိုလည်း လူမှုကွန်ယက်တွင် ဝေမျှပေးတတ်သူပါ။

Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 

လတ်တလော သူ့ရဲ့ လှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာထက်မှာ မမြင်တွေ့ရတာကြောင့်  ပရိသတ်တွေက ရှိုင်းရဲ့လုံခြုံရေးအတွက် စိတ်ပူနေကြတာပါ။မကြာသေးခင် နာရီပိုင်းလောက်ကလည်း  သူ့ရဲ့ Facebook Page တွင်ပရိသတ်တွေ စိတ်မပူစေဖို့ သူ့ရဲ့ ပုံရိပ်တွေကို အမောပြေတင်ပေးလာပြီး လက်ရှိလုပ်ဆောင်ချက်တွေကိုပါ ပြောပြလာတာပါ။ရှိုင်းကလည်း " ဘာမှ မလုပ်တာ မဟုတ်ဘူး . . .

ဘာလုပ်နေတယ်ဆိုတာ ပေးမသိတာ . . .

ဘာလို့​လဲ ? ? ?

အပေါ်က နှစ်ကြောင်းမှာ ရှင်းနေအောင် ပြောပြီးပြီ . . .

ဒီလောက်ပဲ . . . 

#Mg_Tout_Pa" ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Shine’s Facebook Page 

Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T