လမ်းမထက်မှာ ပြည့်ကြပ်နေသည်အထိ ရပ်ကွက်အသီးသီးက သပိတ်တွေစုစည်းကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလေးမြို့

//s9.kh1.co/c4/c4a055ff4cf8747c8c86ebfac6a6129c4dfe70a4.jpeg
နေ့စဉ်သတင်းများ

 ၂၇-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးကတော့ ဒီနေ့ထိအသက်ဝင်နေဆဲပါ ပြည်သူအားလုံးကလည်း တစ်ရက်လေးမှမနားဘဲ နေ့စဉ်တိုင်းလိုလို ရရာနေရာကနေ ဆန္ဒထုတ်ဖော်မှုတွေ မျိုးစုံပြုလုပ်လျက်ရှိတာတွေ့ရပါတယ်။ဒီလိုလှုပ်ရှားမှုတွေပြုလုပ်ရင်း အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေလည်း များစွာဒီနေ့ဒီချိန်ထိ  ရှိနေဆဲပါ။ ပြည်သူတွေအားလုံးကလည်း ဒီလိုသတ္တိရှိစွာရင်ဆိုင်ခဲ့ကြတဲ့ ကျဆုံးသူရဲကောင်းတွေကို အမြဲလေးစားနေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

 မြို့တိုင်းမှာ ဖိနှိပ်ဖြိုခွဲခံရမှုတွေရှိနေတာကြောင့် ဆန္ဒထုတ်ဖော်မှုတွေဟာ အရင်ထက်နည်းပါးလာပြီဆိုပေမယ့်လည်း ပြည်သူတွေကတော့ Strike လုပ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားကာ တတ်နိုင်တဲ့ဘက်ကနေ ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။ခုဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတော်တော်များများရဲ့ လမ်းမတွေထက်မှာ ရဲရင့်စွာ ဆန္ဒထုတ်ဖော်နေကြတဲ့ သူရဲကောင်းတွေကို ပြန်လည်တွေ့မြင်လာရပြီဖြစ်တာကြောင့် နွေဦးတော်လှန်ရေးကြီးဟာ ပြန်လည် အသက်ဝင်လာခဲ့ပါပြီ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဧပြီ (၂၆) ရက်နေ့ မန္တလေးမှာဆိုရင်လည်း ရပ်ကွက်အသီးသီးက GenXYZ တွေစုပေါင်းပြီး ဆိုင်းဘုတ်များကိုင်ဆောင်ကာ တပ်ပေါင်းစုသပိတ်ကြီးကို ငြိမ်းချမ်းစွာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။လမ်းမထက်မှာ ပြည့်ကြပ်သွားသည်အထိ လူအင်အားများခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။အားလုံးက သက်ဆိုင်ရာ ဆိုင်းဘုတ်များ အလံများကိုင်ဆောင်ကာ သံပြိုင်ကြွေးကြော်ရင်းချီတက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T