ဒလံပေါလည်း အသံမတိတ် အလံမပိတ်ဆိုတဲ့ သပိတ်ကြီးကို ညပိုင်းမှာ လှုပ်ရှားခဲ့ကြတဲ့ သံလျင်မြို့ကပြည်သူများ

//s9.kh1.co/d1/d18b609a8a1f16749d5dec2b2e5e5e90c755c9bf.jpeg
နေ့စဉ်သတင်းများ

 ၂၇-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံနဲ့ အရှိန်အဟုန်ကောင်းနေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို မျိုးဆက်သစ်လူငယ်တွေရဲ့ တီထွင်နိုင်မှုတွေကိုလည်း အားလုံးက လေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာ နှစ်လကျော်ကြာခဲ့ပါပြီ။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလို အချိန်နှစ်လအတွင်းမှာ အသက်ပေးသွားကြသူတွေလည်းများပြားခဲ့သလို ဖမ်းဆီးထိန်းသိမ်းခံရသူတွေလည်းထောင်ချီရှိခဲ့ပြီဖြစ်ပါတယ်။ ခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုံကလည်း ဒီလှုပ်ရှားမှုကြီးမှာ အင်တိုက်အားတိုက် ပါဝင်အားဖြည့်ပေးနေကြတာလည်းဖြစ်ပါတယ်။စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမရင်း အခက်အခဲတွေကို ရင်ဆိုင်နေကြရတာပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရန်ကုန်မြို့မှာဆိုရင်လည်း ဒီရက်ပိုင်းမြို့နယ်တိုင်းလိုလိုက လူငယ်တွေ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်မှုတွေ ပြန်လည်လှုပ်ရှားလာတာကိုတွေ့ရပါတယ်။ ဧပြီ (၂၆) ရက်နေ့ညပိုင်းမှာဆိုရင်လည်း သန်လျင်ရှိ GenXYZများစုပေါင်းကာ ဒလံပေါလည်း အသံမတိတ် အလံမပိတ်ဆိုတဲ့ သပိတ်ကြီးကို ငြိမ်းချမ်းစွာလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မလျှော့တမ်းဇွဲလုံးလ သတ္တိတွေနဲ့ သန်လျင်သားတွေရှိပါတယ်လို့လည်းရေးသားဝေမျှထားပါသေးတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T