လိုအပ်နေတဲ့ပြည်သူများအတွက် ပိုလျှံသူများ​၏စေတနာဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ခဲ့တဲ့ ပုဂံမြို့

//s9.kh1.co/cb/cbecfcdc69d38dd899da827702450c2bd42de43a.jpeg
နေ့စဉ်သတင်းများ

 ၂၆-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရဲ့ လတ်တလောအခြေအနေတွေကြောင့် အနယ်အနယ်အရပ်ရပ်က ပြည်သူတွေဟာ အလုပ်အကိုင်တွေကိုလည်း ရပ်နားထားရကာ စီးပွားကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒီလိုအချိန်တွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ပိုလျှံတဲ့ ပြည်သူတွေကပဲ တတ်နိုင်သလောက် လိုအပ်တဲ့ အစားအစာနဲ့ အလှူငွေများကို လှူဒါန်းမှုတွေပြုလုပ်ပေးကာ အချင်းချင်းကူညီဖေးမနေကြတာပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင် ရန်ကုန် မန္တလေးအပါအဝင် အခြားမြို့ကြီးတွေမှာလည်း ပိုရင်လှူ လိုရင်ယူဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်လာကြတာကိုတွေ့ရပါတယ်။လိုအပ်သူများကလည်း လာရောက်ယူဆောင်ကြသလို အလှူရှင်များကလည်း ရက်ရက်ရောရော လှူဒါန်းလျက်ရှိတာကို ကြည်နူးပီတိဖြစ်စွာမြင်တွေ့ရပါတယ်။နယ်ဘက်တွေမှာဆိုရင်လည်း ခရီးသွားလာသူတွေနည်းပါးတာကြောင့် ဒေသခံတွေဟာ အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပုဂံမြို့မှာဆိုရင်လည်း လာရောက်လည်ပတ်သူတွေ မရှိတာကြောင့် စားဝတ်နေရေး ကြပ်တည်းနေတဲ့ပြည်သူများအတွက်"  ပိုလျှံသူများ​၏စေတနာဆိုတဲ့ "အစီအစဉ်လေးကို ပြုလုပ်ကာ အခြေခံစားသောက်ကုန်များစွာကို ဝေငှလှူဒါန်းလျက်ရှိတာတွေ့ရပါတယ်။ဒါ့အပြင် မိသားစု (၃၀၀) ဝန်းကျင်စာ အဓိကလှူဒါန်းဖို့ရည်ရွယ်ထားကြောင်းကိုလည်းဖော်ပြထားပါသေးတယ်။ ပရိသတ်ကြီးအတွက် ပုဂံမြို့ရဲ့ အလှူပုံရိပ်တွေကို မျှဝေပေးရင်း မြန်မာပြည်ကြီး အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T