သရုပ်ဆောင် ဒေါင်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူရပ်တည်ချက် ခိုင်မာစွာဖြင့်တစ်သွေးတည်း တစ်သားတည်း ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေအားလုံးက ဒေါင်းရဲ့ဆုံးဖြတ်ချက် ခိုင်မာမှုအတွက် လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။
ဒေါင်းကတော့ လတ်တလောအခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒေါင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေကြတာပါ။ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ရင်ထဲမှ လာတဲ့ ခံယူချက်တွေကို ရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူ့ရဲ့ Facebook page တွင် စည်းလုံးမှုနဲ့မျှော်လင့်ချက်တွေ ခိုင်မာပြီးသားမို့ အောင်မြင်ခြင်းဟာ ကိုယ်တွေလက်ထဲမှာပဲရှိတဲ့ အကြောင်းကို ရေးသားလာတာ ဖြစ်ပါတယ်။
သူကလည်း " လမ်းနှစ်ခုပဲရှိတယ်
ဓမ္မနဲ့အဓမ္မ
ငါတို့သွားနေတာ
အမှန်တရားလမ်း
တို့တွေရဲ့အောင်မြင်ခြင်းဟာ
တို့တွေလက်ထဲမှာပဲရှိတယ်
စည်းလုံးမှုနဲ့မျှော်လင့်ချက်
ခိုင်မာပြီးသား။" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အရေးတော်ပုံမုချအောင်မြင်ရမည်ဆိုပြီး အားတက်ဖွယ် comment များ ရေးသားထားကြတာဖြစ်ပြီး အားလုံးလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Daung’s Facebook page