​ရပ်ကွက်အသီးသီးက GenXYZတွေစုပေါင်းကာ အခက်အခဲတွေကြားကနေ ချီတက်ခဲ့ကြတဲ့ မန္တလေးမြို့အခြေစိုက်သပိတ်

//s9.kh1.co/f0/f0aba4114f4741336cfd251d90eb4b0c40454aa4.jpeg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးက နိုင်ငံတကာရဲ့သတင်းမီဒီယာတွေ Twitter တွေထိနေရာယူထားကာ အားလုံးရဲ့ စိတ်ဝင်စားခြင်းကိုခံနေရပါတယ်။ အခုဆိုရင် ပြည်သူတွေဟာ ရင်ထဲကဆန္ဒတွေကို အရင်လိုငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် မရှိတော့ဘဲ ဖြိုခွင်းဖိနှပ်ခံရမှုတွေ အပစ်အခတ်တွေရှိလာတာကြောင့် အသက်ဆုံးရှုံးမှုတွေအပြင် ဖမ်းဆီးထိန်းသိမ်းခံရမှုတွေကို ကြုံတွေ့နေရပါတယ်။ဒါပေမယ့်လည်း ပြည်သူတွေက လက်မလျော့သွားဘဲ ရင်ထဲကဆန္ဒတွေကို ဒီနေ့ထိ ကြွေးကြော်နေကြသလို ငြိမ်းချမ်းစွာနဲ့ Strike ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကိုလည်း အမြဲစဉ်းစားနေကြတာ ဖြစ်ပါတယ် ။ 

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ခုဆိုရင် မိမိတို့နေထိုင်ရာ မြို့နယ်တွေမှာပဲ ပြည်သူတိုင်းဆန္ဒဖော်ထုတ်နိုင်မယ့် လှုပ်ရှားမှုလေးတွေကိုဖန်တီးကာ ညီညီညွတ်ညွတ် ပြုလုပ်လျက်ရှိတာကိုလည်းတွေ့မြင်ရပါတယ်။ အပြင်ထွက်နိုင်တဲ့ လူငယ်တွေကလည်း အခက်အခဲတွေကြားကနေပဲ ပျောက်ကြားသပိတ်ကို လှုပ်ရှားနေကြတာ တကယ်ကိုလေးစားစရာပါပဲနော်။ပြည်သူတွေကလည်း ဒီလိုရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်နေတဲ့ သူရဲကောင်းတွေရဲ့ သတ္တိကိုချီးကျူးနေကြတာပါ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ယနေ့ ဧပြီလ (၂၅) ရက်နေ့မှာဆိုရင်လည်း မန္တလေးမှာရှိတဲ့ရပ်ကွက်အသီးသီးက GenXYZတွေစုပေါင်းကာ ဆိုင်းဘုတ်များကိုင်ဆောင်ရင်း မန္တလေးမြို့ အခြေစိုက်သပိတ်ကြီးကို ငြိမ်းချမ်းစွာလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာကိုတွေ့ရပါတယ်။ဒီသပိတ်မှာ လူငယ်တွေအများဆုံးပါဝင်ကာ မိမိတို့ ဆန္ဒတွေကို စာရွက်နဲ့ ဆိုင်းဘုတ်တွေပေါ်မှာ ထုတ်ဖော်ရေးသားကာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် မန္တလေး အခြေစိုက်သပိတ် ပုံရိပ်တွေကိုပြန်လည်ဝေမျှပေးရင်း မြန်မာပြည်ကြီးအေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T