ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ကာ ပြုလုပ်နေခဲ့တာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ကလေးတွေရဲ့အနာဂတ်အတွက်လည်း အများကြီးကြိုးစားသလို လိုအပ်တဲ့နေရာတွေမှာလည်း ကူညီပေးတဲ့အပြင် ပရဟိတလေးတွေလည်းလုပ်တတ်တာမို့ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေ ပိုမိုများပြားလာခဲ့ပါတယ်။ဒီလိုကာလတွေမှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီကို သွားရောက်ကာ ကူညီလှူဒါန်းမှုတွေကိုတောက်လျှောက် လုပ်ပေးနေတာလည်းဖြစ်ပါတယ်။
အခြေခံလူတန်းစားတွေရဲ့ဘဝကို စာနာစိတ်နဲ့ တတ်နိုင်သလောက် ကူညီနေတဲ့ ခိုင်နှင်းဝေတစ်ယောက်ကတော့ ဒီနေ့မှာလည်း အနှေးယာဉ်မောင်းနှင်သူ အယောက် (၃၀) အား ဆန် ၊ ဆီ အပြင် အခြားလိုအပ်တဲ့ စားသောက်ကုန်များစွာကို လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ကိုယ်ကျိုးမကြည့်ဘဲ အမြဲတမ်းကူညီဖေးမတတ်တဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတစိတ်လေးကတော့ တကယ်လေးစားစရာကောင်းပါတယ်။
ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ သူမရဲ့အလှူလေးနဲ့ ပတ်သက်ပြီးလည်း " ဆိုက်ကား အစီး (၃၀) အား ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန်၊အာလူး၊ငါးခြောက်၊ဂေါ်ဖီထုပ်၊အားဆေး တို့ကို ဝေမျှ လှူဒါန်းပေးခဲ့ပါတယ်ရှင်..ဂေဟာ အတွက် ဝယ်စုထားတဲ့ ပစ္စည်းများနှင့် အလှူရှင်များ လာရောက်လှူဒါန်းထားသော ပစ္စည်များအား ရှိသလောက် ထုတ်၍ ပြန်လည်လှူဒါန်းပေးသွားပါမည်..ခုနှစ်ရက် သားသမီး အလှူရှင်များအားလုံး ထပ်တူ ကုသိုလ်ပွားများနိုင်ကြပါစေရှင်." ခုလိုရေးသားကာဝေမျှထားတာတွေ့ရပါတယ်။