ရန်ကုန်သားတွေလည်း သွေးမအေးကြောင်း ရဲရင့်စွာထုတ်ဖော်ပြသလိုက်တဲ့ ယနေ့ဆူးလေမြင်ကွင်းများ

//s9.kh1.co/bf/bf8e7ebd6843fde052411af7a700c458081be013.jpeg
နေ့စဉ်သတင်းများ

 ၂၃-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

ရန်ကုန်ဟာ ဖေဖော်ဝါရီ (၁) ရက်နေ့ထဲက အဓိကလူစည်ကားရာနေရာတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသူတွေအပြည့်နဲ့ ရှိနေခဲ့ပါတယ်။မြို့နယ်တိုင်းက လူကြီးလူငယ်မရွေး လမ်းမပေါ်ထွက်ကာ မိမိတို့ရဲ့ ယုံကြည်ချက်တွေအတွက် ရင်ထဲက ဆန္ဒတွေကိုထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ နာမည်ကြီးနေရာတွေဖြစ်တဲ့ လှည်းတန်း မြေနီကုန်း ဆူးလေ အစရှိတဲ့နေရာတွေမှာ လူထောင်ချီ သောင်းချီလာရောက်ကာ သံပြိုင်ကြွေးကြော်သံများနဲ့ ဆူညံခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီပုံရိပ်လေးတွေကပဲ ကမ္ဘာ့တစ်ဝှမ်းလုံးရဲ့ သတင်းမီဒီယာတွေအထိ ပြန့်နှံခဲ့တာလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ရန်ကုန်ဟာ တဖြည်းဖြည်း အရင်လို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်တွေမရတော့ဘဲ နေရာတိုင်းမှာ အပစ်အခတ်တွေ ဖိနှိပ် ဖြိုခွင်းခံရမှုတွေရှိလာကာ ဖမ်းဆီးထိန်းသိမ်းခံရတာတွေလည်း မျာစွာကြုံတွေ့ခဲ့ရပါတယ်။ဒါကြောင့်လည်း ရန်ကုန်ဟာ ဆန္ဒဖော်ထုတ်သူတွေ နည်းပါးသွားခဲ့တာလည်းတွေ့ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဧပြီလ ( ၂၃) ရက်နေ့မှာဆိုရင်တော့ ရန်ကုန်ဟာ လမ်းမပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သူရဲကောင်းတွေကြောင့်ပြန်လည်အသက်ဝင်လာခဲ့ပါပြီ။ " ဘာတွေလည်း ရန်ကုန်သားတွေသပိတ်"ကြီးကို ဆူးလေမှာ လူငယ်များ ဆိုင်းဘုတ်များ ကိုင်ဆောင်ရင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်နေကြတာ တကယ်ကို ကြက်သီးထရာမြင်ကွင်းတွေပါပဲ။ပြည်သူအားလုံးကလည်း ဒီလူငယ်လေးတွေရဲ့ သတ္တိကို ချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ယနေ့ ဆူးလေက ပုံရိပ်တွေကိုပြန်လည်ဝေမျှပေးရင်း ပြည်သူအားလုံးအေးချမ်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T