မြန်မာအရေးကို ကြိုးစားပမ်းစားလှုပ်ရှားပေးနေကြတဲ့ ကိုရီးယားပြည်သူတွေအတွက် ကျေးဇူးတင်စကားလေးဆိုလိုက်တဲ့ လူငယ်များ

//s9.kh1.co/9d/9dcc53c406afa072e9a7320bfe24d30c63060268.jpeg
နေ့စဉ်သတင်းများ

 ၂၃-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အချိန်နဲ့တစ်ပြေးညီစိတ်ဝင်စားခြင်းကိုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကတော့ ဒီနေ့ထိ အသက်ဝင်နေဆဲပါ။လူငယ်မျိုးဆက်သစ်တွေကလည်း နိုင်ငံတကာရဲ့ သတင်းမီဒီယာတွေ သတိထားမိလာအောင် အချိန်ရှိတိုင်း နည်းမျိုးစုံကို တီထွင်ကာ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ဒီလို လူငယ်လေးတွေရဲ့ တီထွင်နိုင်စွမ်းတွေကိုလည်း နိုင်ငံအသီးသီက ချီးကျူးဂုဏ်ပြုရင်း အမြဲအားပေးနေကြတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ခုဆိုရင် မြန်မာ့အရေးကို အခြားနိုင်ငံတွေဖြစ်ကြတဲ့ ဂျပန် ၊ တောင်ကိုရီးယား ၊ ထိုင်ဝမ်က လူငယ်များစွာကလည်း ပါဝင်ကာ ရရာနေရာတွေကနေ လှုပ်ရှားပေးနေကြသလို အားပေးစကားများလည်း အမြဲပြောကြားကာ စိတ်ခွန်အားတွေ ပေးလျက်ရှိတာကိုတွေ့မြင်ရပါတယ်။ဧပြီ (၁၈) ရက်နေ့ကဆိုရင်လည်း တောင်ကိုရီးယားကပြည်သူတွေဟာ “သွေးသစ္စာ”သီချင်းကို မြန်မာလိုပီပီသသသီဆိုရင်း ဆန္ဒဖော်ထုတ်ပေးခဲ့ကြတဲ့ ဗီဒီယိုလေးကလည်း  မြန်မာပြည်သူတွေရဲ့ ရင်ထဲကိုရောက်ကာ ပီတိဖြစ်စေခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလို မြန်မာ့အရေးမှာ အားတတ်သရော ပါဝင်ပေးနေကြတဲ့ ကိုရီးယားလူမျိုးတွေကို မြန်မာပြည်သူပြည်သားအားလုံးက လေးစားပြီးကျေးဇူးတင်နေကြတာလည်း ဖြစ်ပါတယ်။ဒီနေ့မှာတော့ မြန်မာလူငယ်လေးများဟာ ကိုရီးယားလူမျိုးတွေကို ကျေးဇူးအထူးတင်မိကြောင်း ရင်ထဲကခံစားချက်လေးတွေကို စာရွက်မှာရေးသားကာ ဖော်ပြခဲ့ကြတာကိုတွေ့ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T