ရပ်ကွက်အသီးသီးက GenXYZ တွေစုပေါင်းကာ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်ခဲ့ကြတဲ့ မန္တလေးသပိတ်စစ်ကြောင်း

//s9.kh1.co/b4/b4ae24ade992a989cf60fa0bdf93150120260709.jpeg
နေ့စဉ်သတင်းများ

 ၂၃-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရဲ့နေရာတိုင်းမှာ ခုဆိုရင် အရင်လိုငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်တွေမရတော့ဘဲ ဖြိုခွင်းမှုတွေ အပစ်အခတ်တွေရှိလာတာကြောင့် လှုပ်ရှားမှုတွေမှာ လူအင်အားနည်းလာတာတွေ့ရပါတယ်။ဒါပေမယ့်လည်း ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ လူငယ်မျိုးဆက်သစ်တွေကတော့ ဒီနေ့ထိ လှုပ်ရှားမှုမျိုးစုံကို သူတို့နေထိုင်ရာ မြို့နယ်အသီးသီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိနေဆဲပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

 တစ်ရက်ပြီးတစ်ရက် လှုပ်ရှားမှုများစွာကို နည်းမျိုးစုံသုံးကာ နေ့ရော ညပါပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ဆန္ဒထုတ်ဖော်နေကြတာ တကယ်ကို ကြက်သီးထစရာမြင်ကွင်းတွေပါပဲနော်။အခုလည်း မန္တလေးက GenXYZ တွေစုပေါင်းပြီး အလံများကိုင်ဆောင်ကာ လမ်းလျှောက်သပိတ်ကိုလှုပ်ရှားခဲ့ကြသလို တစ်ချို့ကလည်း ဆိုင်ကယ်များ မောင်နှင်းရင်း သပိတ်စစ်ကြောင်းမျိုးစုံနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာကို တွေ့ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နေ့စဉ်တိုင်း ရပ်ကွက်အသီးသီးက သပိတ်စစ်ကြောင်းတွေ ထွက်လာပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်။ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေကြည့်ပြီး လေးစားမိတာအမှန်ပါပဲနော်။မန္တလေးသပိတ်စစ်ကြောင်းရဲ့ ပုံရိပ်တွေကို မျှဝေပေးရင်း ပြည်သူအားလုံး အေးချမ်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T