ခန္ဓာကိုယ်ပေါ်မှာ မိမိတို့ရင်ထဲကခံစားချက်တွေကို ပုံဖော်ရေးထိုးကာ တက်တူးသပိတ်ကို လှုပ်ရှားခဲ့ကြတဲ့ ဝိုင်းမော်လူငယ်များ

//s9.kh1.co/7b/7bec287bdc0a0f6288c52315a734c8bef07e7227.jpeg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

......

ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းတွေထိနေရာယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံနဲ့ အရှိန်အဟုန်ကောင်းနေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို မျိုးဆက်သစ်လူငယ် တွေရဲ့ တီထွင်နိုင်မှုတွေကိုလည်း အားလုံးက လေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာ နှစ်လကျော်ကြာခဲ့ပါပြီ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီလို အချိန်နှစ်လအတွင်းမှာ အသက်ပေးသွားကြသူတွေလည်းများပြားခဲ့သလို ဖမ်းဆီးထိန်းသိမ်းခံရသူတွေလည်းထောင်ချီရှိခဲ့ပြီဖြစ်ပါတယ်။ ခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုံကလည်း ဒီလှုပ်ရှားမှုကြီးမှာ အင်တိုက်အားတိုက် ပါဝင်အားဖြည့်ပေးနေကြတာလည်းဖြစ်ပါတယ်။စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမရင်း အခက်အခဲတွေကို ရင်ဆိုင်နေကြရတာပါ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

နေ့စဉ်တိုင်း မရိုးနိုင်တဲ့ လှုပ်ရှားမှုမျိုးစုံကို နေရာအနှံအပြားမှာ ပြုလုပ်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာလည်းဖြစ်ပါတယ်။အခုလည်း ကချင်ပြည်နယ် ဝိုင်းမော်ကလူငယ်တွေစုပေါင်းပြီး မိမိတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရင်ထဲက ခံစားချက်တွေကို ပုံဖော်ရေးထိုးရင်း တက်တူးသပိတ်ကြီးကို လှုပ်ရှားခဲ့ကြတာကိုတွေ့မြင်ရပါတယ်။လူငယ်တွေကတော့ ရရာနေရာကနေ ပါဝင်နေကြတာ တကယ်လေးစားစရာပါပဲနော်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T