ဖမ်းဆီးခံထားရသော ခုနှစ်ရက်သားသမီးများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/58/583e1ca060c78608001934e1356aa71efdcebd69.jpeg
အနုပညာရှင်များ

 ၂၁-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးသရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့အားပေးမှုတွေ ရရှိထားတာ  ဖြစ်ပါတယ်။ သူမကတော့ လက်ရှိအချိန်မှာ  စားဝတ်နေရေးခက်ခဲနေကြတဲ့  ပြည်သူများအတွက်သူမကိုယ်တိုင်  ပင်ပင်ပန်းပန်းရှာဖွေထားတဲ့  ချွေးနည်းစာဖြင့် တတ်နိုင်သလောက်  ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ တစ်ယောက်တည်း အားဖြင့်  လှူဒါန်းနေရုံတင်မကဘဲ  အခြားသော အလှူရှင်များနှင့်လည်း စုပေါင်းကာပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

ဒါ့အပြင်  လက်ရှိအခြေအနေတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်များကိုလည်း  ပရိသတ်တွေ သိရှိနိုင်စေရန်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။ ဒီနေ့မှာတော့  ပြည်သူများအားလုံးက  " ငါတို့ပြည်သူ ငါတို့ ပြန်ပေး " ဆိုတဲ့Campaign တစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး နှိုင်းယှဉ်မြင့်မိုရ်လည်း ပါဝင်ဆောင်ရွက်ခဲ့တာပါ။ ဒီ campaign ကတော့အင်္ကျီ အပြာရောင် ဝတ်ဆင်ပြီး မိမိရဲ့လက်ဖဝါးတွင် ဖမ်းဆီးခံထားရတဲ့ နာမည်ရေးသားပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်တွင် ပြန်လည်ဝေမျှခိုင်းတာပါ။

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း  နှိုင်းယှဉ်မြင့်မိုရ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဖမ်းဆီးခံထားရသောခုနှစ်ရက်သားသမီးများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပဲ  ဖြစ်ပါတယ်။ သူမကလည်း " လက်ဖဝါးမှာ နာမည်တစ်ခုထဲ မရေးချင်ဘူး

တောင်းဆိုပါတယ်???

ဖမ်းဆီးခံထားရသောခုနှစ်ရက်သားသမီးရှစ်ရက်သားသမီးအကုန်လွတ်ပါစေ

ဏဘရံဘေးကင်းပါစေ??? " ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nhying Shin’s Facebook Account 

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T