ကျောက်တုံးတွေပေါ်မှာ မိမိတို့ရင်ထဲကခံစားချက်တွေကို ပုံဖော်ရေးဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ လူငယ်များ

//s9.kh1.co/a4/a46828d4b313736612b911a2cd0c98f5b4eabdb0.jpeg
နေ့စဉ်သတင်းများ

 ၂၀-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

...

မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးကတော့ ဖေဖော်ဝါရီလထဲက စတင်ခဲ့ပြီး ယနေ့အချိန်အထိတိုင်အောင် အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်း အာဇာနည်တွေလည်း များစွာရှိခဲ့ပါတယ်။  ဒီလူထုလှုပ်ရှားမှုကြီးမှာ ဦးဆောင်နေသူအများစုကတော့ လူငယ်ပညာတတ်လေးတွေဖြစ်ပြီး သူတို့ရဲ့ အသက်တွေဆုံးရှုံးမှာကိုတောင် မကြောက်ဘဲ အားသွန်ခွန်စိုက် ပါဝင်ကြိုးစားခဲ့ကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီလူထုလှုပ်ရှားမှုကြီးဟာ အရင်လို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်မရတော့ဘဲ အပစ်အခတ်တွေ ဖမ်းဆီးခံရမှုတွေရှိလာတာကြောင့် မြို့တိုင်းလိုလိုမှာ အင်အားလျော့နည်းလာပေမယ့် ပြည်သူတွေကတော့ ပျောက်ကြားသပိတ် အပြင် အခြားရရာနည်းမျိုးစုံကို ဖန်တီးအသုံးချကာ တတ်နိုင်တဲ့ဘက်ကနေ လှုပ်ရှားနေကြတာလည်းတွေ့ရပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း လူငယ်တွေစုပေါင်းပြီး ကျောက်တုံးလေးတွေပေါ်မှာ မိမိတို့ရင်ထဲကခံစားချက်လေးတွေအပြင် တိုက်ပွဲမှာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေရဲ့ ပုံရိပ်လေးတွေကို ဖန်တီးရေးဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာကိုတွေ့ ရပါတယ်။ပုံလေးတွေကြည့်ပြီး လူငယ်တွေရဲ့ တီထွင်နိုင်မှုတွေကိုလေးစားမိတာအမှန်ပါပဲနော်။ပရိသတ်ကြီးအတွက် ကျောက်တုံးသပိတ်ပုံရိပ်လေးတွေကို မျှဝေပေးရင်း အားလုံးဘေးအန္တရာယ်ကင်းရှင်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Source & Photo Credit-Original Uploader
Source & Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T