မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ဌက်ကလေးတွေကို ဘေးမဲ့လွှတ်ပေးရင်း ကုသိုလ်ယူနေတဲ့ စံရတီမိုးမြင့်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/42/42f107c0d8709534235e53c3c365fdfce10acf31.jpeg
အနုပညာရှင်များ

 ၁၈-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီး စံရတီမိုးမြင့်ကတော့  ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင်  ပါဝင်သရုပ်ဆောင်ခဲ့ပြီး  ပရိသတ်တွေရဲ့ ချစ်ခင်  အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားသူ တစ်ဦး  ဖြစ်ပါတယ်။  

လူတိုင်းအပေါ်မှာလည်း  ကူညီချင်စိတ်ရှိပြီး  ပရိသတ်တွေအပေါ်မှာလည်း  တလေးတစားဆက်ဆံတတ်သူ ဖြစ်တာကြောင့်  အားလုံးက လေးစား သဘောကျနေကြတာပါ။  သူမကတော့ ဘာသာတရားလည်း ကိုင်းရှိုင်းလွန်းပြီး  မကြာခဏဆိုသလို  တရားစခန်းဝင်လေ့ရှိသူ  ဖြစ်ပါတယ်။  

Photo Crd-San Yati Moe Myint’s IG Account 

ဒါ့အပြင်  အလှူရေစက်လက်နဲ့မကွာဆိုသလို  လိုအပ်တဲ့ နေရာတိုင်းကို  သွားရောက် လှူဒါန်းလေ့ရှိတဲ့  မင်းသမီးချောလေးပါပဲနော်။ မနေ့ကတော့  မြန်မာလူမျိုးတွေရဲ့  နှစ်သစ်ကူးတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့မှာတော့  လူတိုင်းလိုလို  ကုသိုလ်ကောင်းမှုတွေ  ပြုလုပ်ရင်း ကြည်နူးစရာကောင်းတဲ့ အချိန်တွေ ဖြတ်သန်းကုန်ဆုံးခဲ့ကြတာပါ။

Photo Crd-San Yati Moe Myint’s IG Account 
Photo Crd-San Yati Moe Myint’s IG Account 
Photo Crd-San Yati Moe Myint’s IG Account 
Photo Crd-San Yati Moe Myint’s IG Account 
Photo Crd-San Yati Moe Myint’s IG Account 
Photo Crd-San Yati Moe Myint’s IG Account 
Photo Crd-San Yati Moe Myint’s IG Account 
Photo Crd-San Yati Moe Myint’s IG Account 

မနေ့ကလည်း  စံရတီမိုးမြင့်ရဲ့Instagram Story တွင် ဗီဒီယိုလေးတွေ  တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ဌက်ကလေးတွေကို ဘေးမဲ့လွှတ်ပေးရင်း ကုသိုလ်ယူနေတဲ့ စံရတီမိုးမြင့်ရဲ့ဗီဒီယိုဖိုင်ပဲ  ဖြစ်ပါတယ်။  ဒါ့အပြင် သူမနေအိမ်တွင်  သံဃာတော်များပင့်ဖိတ်ကာ  ပရိတ်တရားတော်နာယူခဲ့တာကိုလည်းဗီဒီယိုရိုက်ကူးကာ  မှတ်တမ်းတင် ထားတာဖြစ်တာကြောင့်  ပရိသတ်တွေလည်း  သာဓုခေါ်ဆိုနိုင်အောင်  ဒီသတင်းကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-San Yati Moe Myint’s IG Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T