ပရိသတ်ကြီးရေ.. သရုပ်ဆောင်အကယ်ဒမီမင်းသားကြီးဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်သလို လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
ဝေဠုကျော်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲအတူရပ်တည်နေကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက်ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်..။
ဝေဠုကျော်ကတော့ မြန်မာတို့ရဲ့နှစ်သစ်ကူးအချိန်အခါဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာလည်း တောင်ဒဂုံက အိမ်ထောင်စုတွေအတွက် စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းခဲ့ပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကုသိုလ်ယူခဲ့ပြန်ပါတယ်..။
စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေကို လိုအပ်နေသူတွေအတွက် ပြန်လည်လှူဒါန်းကာ တောင်ဒဂုံသံလမ်းကျူးက အိမ်ထောင်စု ၅၅စုအတွက် ဆန်၊ ကြက်သွန်နီ၊ ကြက်ဥနဲ့ အခြားစားသောက်ကုန်တွေကို ပေးဝေလှူဒါန်းခဲ့တာဖြစ်ပါတယ်..။
"17-4-2021
နှစ်သစ်ကူး အလှူ နဲ့ တောင်ဒဂုံ သံလမ်းကျူး
ဝေဠုကျော်ဖောင်ဒေးရှင်း မှ
တောင်ဒဂုံ ၂၂ ရပ်ကွက် ကျူးအိမ်ထောင်စု ၅၅စု သို့
အလှူပါ။
ဆန်
ကြက်သွန်နီ
ကြက် ဥ
ကုလားပဲ
ငါးခြောက်
စေတနာ အလှူရှင်များကတော့
မိသားစု ၁၀၀၀စါအတွက် လှူပေးထားကြတဲ့
အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484.." ဆိုပြီး အလှူပုံတွေကို ဝေမျှထားတာပါ..။
လိုအပ်ပြီး စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သာဓုခေါ်ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်..။
သတင်း အရင်းအမြစ်៖ Wai Lu Kyaw Foundation's Fb Page