ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေတဲ့ သရုပ်ဆောင်မင်းသမီးချောခိုင်နှင်းဝေကတော့ လတ်တလောမှာ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူအိမ်ထောင်စုတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပြီး တတ်နိုင်သလောက် ရှိတာတွေနဲ့ ဖေးမကူညီလှူဒါန်းနေတာကိုလည်း မကြာခဏတွေ့ရပါတယ်..။
မိဘမဲ့ကလေးငယ်လေးတွေရဲ့ အားကိုးရာဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ဒီကနေ့ သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့မှာလည်း ဘုရားမှာကောင်းမှုတွေပြု ကုသိုလ်ယူရင်း ၇ရက်သားသမီးတွေနဲ့အတူ ၃၁ဘုံက သတ္တဝါတွေအတွက် ဆုတောင်းမေတ္တာတွေ ပေးပို့ထားပြန်ပါတယ်..။
ရခိုင်ပြည်နယ် သံတွဲမြို့က ဆံတော်ရှင်ရွှေဘုံသာ စေတီတော်မြတ်ကြီးမှာ ကုသိုလ်ယူကာ သတ္တဝါအားလုံး စိတ်အေးချမ်းသာစေပြီး ဆင်းရဲဒုက္ခတွေနဲ့ အန္တရာယ်တွေကင်းစေဖို့အတွက် ဆုတောင်းမေတ္တာတွေပို့ရင်း သူမရဲ့ပုံရိပ်တွေကိုလည်း ဝေမျှထားတာပါ..။
"ရခိုင်ပြည်နယ် သံတွဲ ခရိုင် "ဆံတော်ရှင် ရွှေဘုံသာ " စေတီတော်မြတ်ကြီး မှာ အဓိဌာန်ဝင်ပြီး မေခလာ ကျောက်ဖျာ မှာ ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်..(၃၁) ဘုံမှ သတ္တဝါ အားလုံး စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေ..ဆင်းရဲ ဒုက္ခ အပေါင်းမှ လွတ်ကင်းကြပါစေ...သာသနာ အကျိူး သယ်ပိုးနိုင်ကြပါစေရှင်...???.." ဆိုပြီး သူမရဲ့ကုသိုလ်တွေကို ဝေမျှထားတာပါ..။
အေးချမ်းတဲ့ဘုရားရိပ်တရားရိပ်မှာ ကောင်းမှုကုသိုလ်တွေပြုရင်း ပြည်သူတွေအတွက် ဆုတောင်းမေတ္တာတွေပို့သထားတဲ့ ခိုင်နှင်းဝေရဲ့ ကုသိုလ်ယူပုံရိပ်တွေကိုလည်း အားလုံးက သာဓုခေါ်နေကြတာလည်း တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Khine Hnin Wai's Fb Acc