ဟိန်းဝေယံကတော့ ဇာတ်ကားတွေတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်ခြင်းတွေကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ ။ဒါ့အပြင် ပရိသတ်တွေအပေါ်မှာလည်း ရင်းနှီးဖော်ရွေစွာဆက်ဆံတတ်သူတစ်ယောက်ဖြစ်သလို အလှူအတန်းတွေဆိုရင်လည်း ထိပ်ဆုံးကနေပါဝင်လှူဒါန်းတတ်တာကြောင့် အားလုံးက လေးစားနေရတာပါ ။
လက်ရှိအခြေအနေတွေမှာလည်း ဟိန်းဝေယံက ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လိုအပ်တာတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးခဲ့သလို ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်ပေးကာ ရာရာနေရာကနေ ပါဝင်အားဖြည့်ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ဒါ့အပြင် သင်္ကြန်တွင်းကာလတစ်လျှောက်လုံးမှာလည်း နေ့စဉ်တိုင်းကုသိုလ်ကောင်းမှုတွေကို ပြုလုပ်နေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာလည်း (၇) ရက်သားသမီးများနဲ့အတူ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကာ ကောင်းမှုကုသိုလ်ပြုခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးလည်း ဟိန်းဝေယံရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။