လတ်တလော အခြေအနေတွေကြောင့် အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေရသော်လည်း လိပ်ပြာလုံစွာ နေထိုင်နိုင်ကြောင်း ပြောပြလာတဲ့ ကောင်းကျော်

//s9.kh1.co/e8/e8cfa0e189136f9e0798fb48d588b185022f04dd.jpeg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကောင်းကျော်ကတော့ ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့  ရယ်မောပျော်ရွှင်အောင် လုပ်ပေးနေတဲ့  လူရွှင်တော်တစ်ဦး  ဖြစ်ပါတယ်။  ဒါ့အပြင်  ဟာသသရုပ်ဆောင် အနေနဲ့ပါ  ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင်လည်း  ပါဝင်ရိုက်ကူးခဲ့သူလည်း  ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးလျက်ရှိနေတဲ့  လူရွှင်တော်ကောင်းကျော်ကို  ပရိသတ်တွေအားလုံးကလည်း လေးစားနေကြတာပါ။

Photo Crd-U Kaung Kyaw’s Facebook Account 
Photo Crd-U Kaung Kyaw’s Facebook Account 
Photo Crd-U Kaung Kyaw’s Facebook Account 
Photo Crd-U Kaung Kyaw’s Facebook Account 

လတ်တလော  အခြေအနေတွေကြောင့်  ပြည်သူတွေသာမကဘဲ  အချို့အနုပညာရှင်များလည်း  စားဝတ်နေရေးကြပ်တည်းတဲ့ ဒဏ်ကို ခံနေကြရတာပါ။  ပြည်သူအချင်းချင်းကပဲ  ဒီအခက်အခဲတွေ  ဝိုင်းဝန်းကူညီဖြေရှင်းပေးနေကြတာကို  မြင်တွေ့ရသည်မှာ  ကြည်နူးဝမ်းမြောက်စရာပါပဲနော်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ကောင်းကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ဝင်ငွေလုံးဝမရှိဘဲ စီးပွားရေးအဆင်မပြေပေမယ့်လည်း  လိပ်ပြာလုံစွာ နေထိုင်နိုင်ကြောင်း  ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-U Kaung Kyaw’s Facebook Account 
Photo Crd-U Kaung Kyaw’s Facebook Account 
Photo Crd-U Kaung Kyaw’s Facebook Account 
Photo Crd-U Kaung Kyaw’s Facebook Account 

သူကလည်း "  မိသားစုအတွက်

ဝင်ငွေလုံးဝမရှိ 

ထွက်ငွေသာရှိပြီး

အခက်ခဲ အကြပ်အတည်း

ပေါင်းများစွာဖြင့် အများနည်းတူ

ရုန်းကန်ဖြတ်သန်း  နေရသော်လည်း

ငါ့လိပ်ပြာလေး လုံခြုံလျက်ရှိနေပါသည်။ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက် ဒီသတင်းကိုတစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-U Kaung Kyaw’s Facebook Account 

Photo Crd-U Kaung Kyaw’s Facebook Account 
Photo Crd-U Kaung Kyaw’s Facebook Account 
Photo Crd-U Kaung Kyaw’s Facebook Account 
Photo Crd-U Kaung Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T