မီးပုံးပျံများကို လွှတ်တင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ တောင်ကြီးကပြည်သူများ

//s9.kh1.co/86/8606e0796b7416aab05183b5fa7642694aef3d4e.jpeg
နေ့စဉ်သတင်းများ

 ၁၆-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးကတော့ အရင်လို ငြိမ်းချမ်းစွာ လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခွင့်မရတော့ပေမယ့် ပြည်သူတွေကတော့ ရရာနည်းလမ်းတွေကို အသုံးချကာ နည်းမျိုးစုံနဲ့ ပျောက်ကြားသပိတ်လှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုံကလည်း ဒီလှုပ်ရှားမှုကြီးမှာ ပါဝင်အားဖြည့်ပေးနေကြတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ခုဆိုရင် နေရာအနှံအပြားမှာ ပြည်သူတွေဟာ အပစ်အခတ်တွေကိုရင်ဆိုင်နေရတာကြောင့် အသက်ဆုံးရှုံးရသူတွေလည်းရှိသလို တစ်ချို့နေရာတွေမှာဆိုရင် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေလည်း များစွာရှိတာကို စိတ်မကောင်းစွာတွေ့မြင်နေရပါတယ်။ခုလိုအခက်အခဲတွေ ဒုက္ခတွေနဲ့ရင်ဆိုင်နေရပေမယ့်လည်း အားလုံးကလက်မလျော့သွားဘဲ စည်းစည်းလုံးလုံးနဲ့ ပန်းတိုင်ကိုရောက်ဖို့ ရှေ့ဆက်သွားနေကြဆဲပဲ။

Photo Credit: Original Uploder
Photo Credit: Original Uploder

ခုလို မြန်မာလူမျိုးတွေ တန်ဖိုးထားတဲ့ သင်္ကြန်ပွဲတော်ရက်မှာဆိုရင်လည်း မြို့နယ်တိုင်းမှာ မည်သူတစ်ဦးတစ်ယောက်မှမကျင်းပကြတာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ဒါပေမယ့် မိမိတို့နေထိုင်ရာ မြို့နယ်တိုင်းမှာတော့ လှုပ်ရှားမှုလေးတွေကိုရရာနေရာကနေ ပြုလုပ်လျက်ရှိပါတယ်။တောင်ကြီးမှာဆိုရင်လည်း သင်္ကြန်အကြတ်နေ့မှာ မီးပုံးပျံများစွာကို လွှတ်တင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် တောင်ကြီးက ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Source&Photo Credit: Original Uploder 
Source&Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T