အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ အဘိုးဖြစ်သူ ဘေးကင်းစေဖို့အတွက် ဆုတောင်းနေတဲ့ လေပြေသွေး

//s9.kh1.co/ba/bae54701405fda664c26cee0b959994e99111b36.jpeg
အနုပညာရှင်များ

 ၁၅-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဇင်ဝိုင်းကတော့  လက်ရှိမြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုများတွင်  ပြည်သူတွေနဲ့အတူ  တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သူ  တစ်ဦး ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက်  မမောနိုင်မပန်းနိုင် လမ်းပေါ်ထွက်ပြီး  ဆန္ဒထုတ်ဖော်ပွဲများတွင်  ပါဝင်ခဲ့တာကြောင့်  လူငယ်များက အတုယူခဲ့ရတာပါ။  ဒီလိုလှုပ်ရှားမှုများတွင်ပါဝင်ခဲ့တာကြောင့် ဦးဇင်ဝိုင်းအား  ဒီနေ့ညနေမှာ  သူနေထိုင်တဲ့ နေအိမ်တွင်  ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရတာပဲ  ဖြစ်ပါတယ်။

Photo Crd-Htay Lwin’s Facebook Account 
Photo Crd-Htay Lwin’s Facebook Account 
Photo Crd-Htay Lwin’s Facebook Account 
Photo Crd-Htay Lwin’s Facebook Account 

အနုပညာရှင်အသိုင်းအဝိုင်းမှ  ညီအစ်ကိုမောင်နှမများနဲ့  သူ့ကို အားပေးနေကြတဲ့ ပရိသတ်တွေကလည်း  ဦးဇင်ဝိုင်း ဖမ်းဆီးခံရတဲ့  သတင်းကြောင့်  ဝမ်းနည်းနေကြတာပဲ  ဖြစ်ပါတယ်။ မကြာသေးခင်  နာရီပိုင်းလောက်က  ဦးဇင်ဝိုင်းရဲ့ မြေးဖြစ်သူ  လေပြေသွေးရဲ့ Instagram Story တွင် အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ အဘိုးဖြစ်သူ  ဘေးကင်းစေဖို့အတွက် ဆုတောင်းနေကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Htay Lwin’s Facebook Account 
Photo Crd-Htay Lwin’s Facebook Account 
Photo Crd-Htay Lwin’s Facebook Account 
Photo Crd-Htay Lwin’s Facebook Account 

" အဘိုးကိုဒီနေ့ခေါ်သွားခြင်းခံရပြီး ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုလည်းမိသားစုကိုပြောမသွားကြောင်း 

ဒီအချိန်မှာလုပ်နိုင်တာက အဘိုးကျန်းမာဖို့နဲ့ဘေးကင်းဖို့ပဲဆုတောင်းနိုင်ပါတယ် "

" ကြောက်နေတာတွေတကယ်ဖြစ်လာပါပြီ ဒါပေမဲ့လူထုနဲ့အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ အဘိုးကိုအရမ်းဂုဏ်ယူတယ် ဒီပွဲမှာရှုံးတာကအဓိကမဟုတ်ဘူး ပိုပြီးပြင်းပြင်းထန်ထန်တိုက်ရမယ်လို့ပဲမှတ်ယူမိတယ် 

အဘိုးကိုချစ်တယ် ပြီးတော့ဘေးကင်းဖို့ဆုတောင်းနေပါတယ် 

လူထုအတွက်ရော မိသားစုအတွက်ရော လုပ်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးလည်းတင်ပါတယ်" ဆိုပြီး  ရေးသားထားတာပဲ  ဖြစ်ပြီး ဦးဇင်ဝိုင်းတစ်ယောက်  အမြန်ဆုံးလွတ်မြောက်အောင် Speak Out များများ လုပ်ပေးကြဖို့ တောင်းဆိုလိုက်ပါရစေနော်။

Source and Photo Crd-Lay Pyay Thway’s IG And Htay Lwin’s Facebook Account 

Photo Crd-Lay Pyay Thway’s IG Account
Photo Crd-Lay Pyay Thway’s IG Account
Photo Crd-Lay Pyay Thway’s IG Account
Photo Crd-Lay Pyay Thway’s IG Account
Photo Crd-Lay Pyay Thway’s IG Account
Photo Crd-Lay Pyay Thway’s IG Account
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T