သင်္ကြန်အကြတ်နေ့မှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း တန်ဖိုးရှိတဲ့ အချိန်တွေ ဖြတ်သန်းကုန်ဆုံးခဲ့တဲ့ ဘေဘီမောင်

//s9.kh1.co/0e/0edfba905213c27447ee2cd386dccbad89ffcdf9.jpeg
အနုပညာရှင်များ

 ၁၅-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။  ပရိသတ်တွေအပေါ်မှာလည်း  တလေးတစားဆက်ဆံပြီး  လူတိုင်းအပေါ်မှာလည်း  ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့်  အားလုံးက ချစ်ခင်နေကြတာပါ။  ဒါ့အပြင်  အရေးကြုံတဲ့ အခါတိုင်းမှာလည်း  ပြည်သူတွေဘက်မှ  ရပ်တည်ပေးသူ အနုပညာရှင်  တစ်ဦး  ဖြစ်ပါတယ်။

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 

ဘေဘီမောင်ဟာ  လတ်တလောဖြစ်ပေါ်နေတဲ့  အခြေအနေတွေ  အမြန်ပြီးဆုံးပြီး  မြန်မာနိုင်ငံကြီး အရင်လို  ငြိမ်းချမ်းဖို့  ဘုရားရှိခိုးတိုင်း  ဆုတောင်းမေတ္တာပို့သ နေတာဖြစ်ပါတယ်။  လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း  အလှူငွေတွေ သွားရောက် လှူဒါန်းပေးခဲ့တာပါ။  လက်ရှိမှာလည်း  မိခင်ဖြစ်သူနဲ့အတူ  တရားစခန်းဝင်နေတာပါနော်။

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 

မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  ဘေဘီမောင်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်  သင်္ကြန်အကြတ်နေ့မှာသံဃာတော်တွေအား ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့  ပုံရိပ်တွေကို  ဝေမျှပေးထားတာ ဖြစ်ပါတယ်။  သူမကလည်း " ?????? 

ရတနာသုံးပါးဂုဏ်ကျေးဇူးဖြင့်

ကောင်းကျိုးလိုရာဆန္ဒများ

ပြည့်ဝကြပါစေ

ကပ်သုံးပါးမှ

ကင်းဝေးကြပါစေ

ကုသိုလ်တရားတို့ဖြင့်

အေးငြိမ်းကြပါစေ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Baby Maung’s Facebook Account 

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T