စားဝတ်နေရေးအဆင်မပြေကြဘဲ အရမ်းချို့တဲ့နေကြတဲ့ပြည်သူတချို့ကို အင်တိုက်အားတိုက်သွားရောက်လှူဒါန်းကြတဲ့ စေတနာရှင်လူငယ်တစ်စု

//s9.kh1.co/89/895c76c968a8b28ef232c4cd85252357d5002144.jpeg
နေ့စဉ်သတင်းများ

 ၁၅-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စားဝတ်နေရေးအဆင်မပြေကြဘဲ အရမ်းချို့တဲ့နေကြတဲ့ပြည်သူတချို့ကို အင်တိုက်အားတိုက်သွားရောက်လှူဒါန်းကြတဲ့ စေတနာရှင်လူငယ်တစ်စု

လက်လုပ်လက်စားပြည်သူတွေကတော့ COVID-19 (first wave)ကတည်းက မိသားစုရဲ့စားဝတ်နေရေးကို ရှိတဲ့အင်အားလေးနဲ့တောင့်ခံလာခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင် တစ်နေ့ထက်တစ်နေ့ ပိုပြီးစားဝတ်နေရေးခက်ခဲလာကြတဲ့ ပြည်သူတွေကို အလှူရှင်တွေကလည်း တစ်တပ်တစ်အား ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ ဒုက္ခအခက်အခဲနဲ့ကြုံတွေ့နေရတဲ့သူတွေကို ပစ်မထားဘဲ အကုန်လုံးစုပေါင်းပြီး ကာကွယ်စောင့်ရှောက်ပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း တောင်ဒဂုံမြို့နယ် ၈၅/၈၆ ရပ်ကွက်မှာနေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေကို လူငယ်တွေစုပေါင်းပြီး သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။အလှူရှင်တွေဆီကရရှိလာတဲ့ အလှူငွေတွေနဲ့ အခြေခံစားသောက်ကုန်တွေကို ဝယ်ယူပြီး အိမ်ထောင်စုတွေကို အချိုးကျမျှဝေပေးခဲ့ကြတာဖြစ်ပါတယ်။အခုလိုမျိုး စားဝတ်နေရေးခက်ခဲနေချိန်မှာ စေတနာရှင်တွေက စားသောက်ကုန်တွေ လာရောက်လှူဒါန်းကြလို့  ပြည်သူတွေကလည်း ဝမ်းသာပျော်ရွှင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်တွေကတော့ ခက်ခဲနေကြတဲ့သူတွေကိုကူညီပေးဖို့ဆိုရင် တက်တက်ကြွကြွရှိကြတာကြောင့် အခုဆိုရင်လည်း အိမ်ပေါက်စေ့ကို စားသောက်ကုန်နဲ့အလှူငွေတွေ လိုက်လံဝေငှပေးနေကြတာဖြစ်ပါတယ်။ပြည်သူတွေကအားနည်းသူကိုဖေးမကူညီပြီး လက်ရှိအခြေအနေကို စိတ်ဓာတ်ခွန်အားအပြည့်နဲ့ရင်ဆိုင်နေကြတာဖြစ်ပါတယ်။တောင်ဒဂုံက ဆင်းရဲနွမ်းပါးတဲ့ပြည်သူတချို့ကို လူငယ်တွေစုပေါင်းပြီး အင်တိုက်အားတိုက်သွားလှူခဲ့ကြတဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T