နာမကျန်းဖြစ်နေတဲ့အပြင် ခက်ခက်ခဲခဲနေထိုင်နေရပြီး ကျောထောက်နောက်ခံလည်းမရှိကြတာကြောင့် အကူအညီလိုအပ်နေကြတဲ့ အဘိုး၊အဘွားများ

//s9.kh1.co/3a/3abe5b708f1580c31400fed6fe567905c82814e1.jpeg
နေ့စဉ်သတင်းများ

 ၁၄-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

နာမကျန်းဖြစ်နေတဲ့အပြင် ခက်ခက်ခဲခဲနေထိုင်နေရပြီး ကျောထောက်နောက်ခံလည်းမရှိကြတာကြောင့် အကူအညီလိုအပ်နေကြတဲ့ အဘိုး၊အဘွားများ

လက်ရှိအချိန်မှာဆိုရင်တော့ ပြည်သူတွေက အလှူငွေတွေစုပေါင်းပြီး အကူအညီလိုအပ်နေကြတဲ့သူတွေကို ခွဲဝေလှူဒါန်းပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မြောက်ဥက္ကလာ(၂)ရပ်ကွက်က အဘိုး၊အဘွားများကတော့အသက်အရွယ်လည်းကြီးရင့်နေကြပြီဖြစ်လို့ စားဝတ်နေရေးအတွက်တောင် မနည်းရုန်းကန်နေရတာဖြစ်ပါတယ်။အဘိုး၊အဘွားတွေထဲမှာ နာမကျန်းဖြစ်နေသူတွေလည်းရှိသလို ကိုယ်လက်အင်္ဂါချို့ယွင်းနေကြတဲ့သူတွေလည်းပါဝင်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့အဘိုး၊အဘွားတွေဆိုရင် ကျောထောက်နောက်ခံသားသမီးလည်းမရှိကြတာကြောင့် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းနေရတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်ဦးကတော့ အဘိုး၊အဘွားတွေကို ကိုယ်ချင်းစာပြီးအလှူရှင်တွေရဲ့ကိုယ်စား ကိုယ်တိုင်သွားလှူပေးဖို့အတွက် အလှူငွေတွေကောက်ခံနေတာပဲဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးကြတဲ့ သက်ကြီးရွယ်အိုတွေကို ပြည်သူလူထုကလည်း မိမိရဲ့မိသားစုဝင်လိုမျိုးသတ်မှတ်ပြီးတစ်တပ်တစ်အားပါဝင်ကူညီပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘိုး၊အဘွားတွေအနေနဲ့ ဒီလိုကပ်ဆိုက်နေတဲ့ကာလမှာ အဆင်ပြေသလိုသာနေထိုင်စားသောက်နေရပြီးကျန်းမာရေးအတွက်လည်း ဆေးခန်းပြဖို့ မတတ်နိုင်ကြတာ ဖြစ်ပါတယ်။ဒါ့ကြောင့်လည်း စေတနာရှင်ပြည်သူတွေက သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက်လှူဒါန်းပေးကြဖို့အတွက် ပြန်လည်နှိုးဆော်ရခြင်းဖြစ်ပါတယ်။အလှူငွေ အနည်း၊အများမဆို ပါဝင်ကုသိုလ်ယူချင်တဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းလို့ရမယ့် ဖုန်းနံပါတ်နဲ့account နံပါတ်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T