မန္တလေးနန်းတွင်းသင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပြောပြလာတဲ့ ဝေဠုကျော်

//s9.kh1.co/db/db1c26a5ef687be9ca9a5711595f5babb25ed940.jpg
အနုပညာရှင်များ

 ၁၄-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဇာတ်ကားပေါင်းများစွာရိုက်ကူးကာ အောင်မြင်မှုတွေအခိုင်အမာနဲ့ရပ်တည်နေသလို ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေတဲ့ ဝေဠုကျော်ကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

မင်းသားဝေဠုကျော်ကတော့ ပြည်သူတွေအားလုံး ရေမကစားကြတဲ့ နှစ်သစ်ကူးအချိန်အခါ လက်ရှိအခြေအနေတွေမှာတောင် သင်္ကြန်မဏ္ဍပ်မှာ သီချင်းဆိုဖျော်ဖြေနေတယ်ဆိုတဲ့ သူ့ရဲ့ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပြောပြလာပါတယ်..။

Photo Credit - Wai Lu Kyaw's Fb Acc
Photo Credit - Wai Lu Kyaw's Fb Acc
Photo Credit - Wai Lu Kyaw's Fb Acc
Photo Credit - Wai Lu Kyaw's Fb Acc

မန္တလေးနန်းတွင်းသင်္ကြန်မဏ္ဍပ်မှာ အနုပညာရှင်တွေပါဝင်ဆင်နွှဲနေတယ်ဆိုပြီး လူပြောများနေတဲ့ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာက ဝေဠုကျော်က ဖြေရှင်းပြောပြထားတာ ဖြစ်ပါတယ်..။

လူငယ်တစ်ယောက်တင်ထားတဲ့ အဆိုပါပို့စ်ကို ပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပြီး လက်ရှိမှာ သူ့အနေနဲ့ ရန်ကုန်မှာရှိနေပြီ ပြည်သူတွေအတွက် ကူညီမှုတွေနဲ့ကယ်ဆယ်ရေးတွေလုပ်ဆောင်နေတာဖြစ်တဲ့ အကြောင်းတွေကို ကိုယ်တိုင် ဖြေရှင်းပြောပြထားတာပါ..။

Photo Credit - Wai Lu Kyaw's Fb Acc
Photo Credit - Wai Lu Kyaw's Fb Acc
Photo Credit - Wai Lu Kyaw's Fb Acc
Photo Credit - Wai Lu Kyaw's Fb Acc

"မန္တ‌လေးနန်းတွင်း သင်္ကြန်ရောက်နေတယ်ဆိုတာ သတင်းမှားပါ

ကျွန်တော်က ရန်ကုန်မှာပါဗျာ ကူညီကယ်ဆယ်ရေး အလုပ်ပဲ လုပ်နေပါတယ် ကိုယ်ပို့စ်ကို လူစိတ်ဝင်စားရင်ပြီး‌ရောဆိုပြီး သတင်းမှားတွေ မတင်စေခြင်ပါ တောင်းပန်ပါတယ်ဗျာ ..." ဆိုပြီး ဖြေရှင်းပြောပြထားတာပါ..။

ပရိသတ်တွေကလည်း တစ်ဖက်လူထိခိုက်နစ်နာစေတဲ့ သတင်းအမှားတွေကို ရှုံ့ချနေကြပြီး ပြည်သူတွေအတွက်ကူညီမှုတွေလုပ်ဆောင်နေတဲ့ ဝေဠုကျော်ကို အားပေးစကားတွေလည်း Comment တွေမှာ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw's Fb Acc
Photo Credit - Wai Lu Kyaw's Fb Acc
Photo Credit - Wai Lu Kyaw's Fb Acc
Photo Credit - Wai Lu Kyaw's Fb Acc

သတင်း အရင်းအမြစ်Wai Lu Kyaw's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T