ကျူးကျော်မှာနေထိုင်ရပြီး တစ်နေ့တာစားသောက်ဖို့အတွက်တောင် ခက်ခဲနေကြတဲ့ အဘိုး၊အဘွားတွေကို ကူညီပေးဖို့ နှိုးဆော်လာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/a3/a3d3b8f0a2b2310300270e35d4ca842aea8fbb14.jpeg
နေ့စဉ်သတင်းများ

 ၁၃-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

ကျူးကျော်မှာနေထိုင်ရပြီး တစ်နေ့တာစားသောက်ဖို့အတွက်တောင် ခက်ခဲနေကြတဲ့ အဘိုး၊အဘွားတွေကို ကူညီပေးဖို့ နှိုးဆော်လာတဲ့ ပြည်သူတစ်ဦး

အခုလိုကာလမှာ စေတနာရှင်ပြည်သူတစ်စုကတော့ ကိုယ်ကျိုးအတွက်မကြည့်ဘဲ ဒုက္ခအခက်အခဲနဲ့ကြုံတွေ့နေရတဲ့သူတွေကို မေတ္တာရှေ့ထားပြီး ကူညီပေးလိုက်ကြတာဖြစ်ပါတယ်။(၂၀၂၀)နှစ်ကတည်းက COVID-19 ကူးစက်ရောဂါကြောင့် စီးပွါးရေးတွေလည်း မတွင်ကျယ်ဘဲ လက်လုပ်လက်စားပြည်သူတွေဆိုရင် တစ်ရက်စာအတွက်တောင် ခက်ခဲနေကြရတာဖြစ်ပါတယ်။(၂၀၂၁)ခုနှစ်၊ဖေဖော်ဝါရီလ(၁) ရက်နေ့မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေကြောင့်လည်း ပြည်သူတွေက လောကဓံရဲ့ခါးသီးမှုတွေကို ရင်ဆိုင်ဖြေရှင်းနေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုချိန်မှာဆိုရင် တချို့ပြည်သူတွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လိုအပ်နေသူတွေကို ကူညီပေးဖို့အတွက်ဦးဆောင်ပြီးအလှူငွေကောက်ခံပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း စေတနာရှင်ပြည်သူတစ်ဦးကဆင်းရဲနွမ်းပါးတဲ့ပြည်သူတချို့ကို ကူညီပေးဖို့အတွက် ရရှိလာတဲ့အလှူငွေတွေကို ကိုယ်တိုင်သွားလှူပေးခဲ့တာဖြစ်ပါတယ်။ကျူးကျော်မှာနေထိုင်နေကြတဲ့ ပြည်သူတွေထဲမှာ အဘိုး၊အဘွားတွေလည်းများစွာရှိတာကြောင့် သူတို့ခမျာ ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာ အဆင်ပြေသလိုသာ နေထိုင်စားသောက်နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘိုး၊အဘွားတို့က အသက်အရွယ်ကြီးရင့်နေပြီဖြစ်တာကြောင့် လူကြီးရောဂါဝေဒနာတွေကိုလည်း ခံစားနေရတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း သူတို့လိုအပ်တာလေးတွေအသုံးပြုဖို့အတွက် တစ်နိုင်တစ်ပိုင်လေးကူညီလှူဒါန်းချင်တယ်ဆိုရင်တော့(09965528060)ကို ဆက်သွယ်ပြီး လှူဒါန်းလို့ရပါတယ်။ဒီလိုကာလမှာ လူတိုင်းနီးပါး ရုန်းကန်နေရပေမယ့် အလှူအတန်းရက်ရောတဲ့မြန်မာပြည်သူ၊ပြည်သားတွေက တတ်နိုင်သလောက်လှူဒါန်းနေကြတာကြောင့် အဘိုး၊အဘွားတွေကို ကူညီလှူဒါန်းပေးဖို့အတွက် တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T