ပရိသတ်ကြီးရေ.. ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးပြီး ပရိသတ်အချစ်တွေအခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာရရှိထားတဲ့ မင်းသားချောအောင်ရေချမ်းကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။
အောင်ရေချမ်းကတော့ ပြည်သူအားလုံးပါဝင်ဆင်နွဲှဲခဲ့ကြတဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးရဲ့ လမ်းပေါ်ထွက်လှုပ်ရှားမှုမှာ တတ်နိုင်သလောက်ပါဝင်ခဲ့ပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။
မင်းသားအောင်ရေချမ်းကတော့ ဒီကနေ့မှာကျရောက်တဲ့ သင်္ကြန်အကြိုနေ့မှာလည်း ကောင်းမှုတွေပြုလုပ်ကုသိုလ်ယူခဲ့ပြီး ပြည်သူပရိသတ်တွေအားလုံးအတွက် ဆုတောင်းရင်း သင်္ကြန်ကိုကြိုဆိုဖြတ်သန်းခဲ့တဲ့အကြောင်းတွေကို ပြောပြလာပါတယ်..။
သင်္ကြန်အကြိုနေ့မှာ အဖိုးဖြစ်သူလှူဒါန်းခဲ့တဲ့ဘုရားဆင်းတုတော်အား ရေသပ္ပါယ်ကာရောင်တော်ဖွင့် ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး ပြည်သူတွေအေးချမ်းစေကြဖို့အတွက် တောင်းဆုတွေခြွေကာ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ ဖြစ်ပါတယ်..။
"ကျွန်တော်ရဲ့အဖိုး
ဦးသာဇံလှ လှူခဲ့တဲ့ ဘုရား ဆင်းတုတော်အား သင်္ကြန်အကြိုနေ့မှာ ရောင်တော်ဖွင့်ခဲ့ပါတယ် ??????
မြန်မာပြည်ကြီး အေးချမ်းပါစေ??????.." ဆိုပြီး ကုသိုလ်ယူခဲ့တဲ့ပုံရိပ်တွေကို မျှဝေထားတာပါ..။
သင်္ကြန်အကြိုနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ပြည်သူတွေအတွက် တောင်းဆုတွေခြွေနေတဲ့ အောင်ရေချမ်းရဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သာဓုခေါ်ဆုတောင်းပေးထားကြတာကိုလည်း Comment တွေမှာ တွေ့မြင်ရပါတယ်..။
သတင်း အရင်းအမြစ်៖ Aung Yay Chan's Fb Acc