ချင်းတိုက်ပွဲရှောင် အိမ်ထောင်စု ( ၁၈၀)စာ အတွက် စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ပစ္စည်းများကိုသွားရောက်လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/9e/9ee4d91ddd6ef1a68c50398192aca77eb7593225.jpeg
အနုပညာရှင်များ

 ၁၃-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

....

အချိန်ကာလအားဖြင့် (၂) လကျော်ကြာမြင့်နေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံအနှံအပြားရှိ ပြည်သူတွေဟာ အခက်အခဲတွေ မျိုးစုံကြုံတွေ့နေရသလို စိုးရိမ်ပူပန်မှုတွေများစွာနဲ့ နေရာညပါ နေထိုင်နေကြရတာပါ။ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီဖေးမရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 

ခုလို ကာလတွေမှာ လက်လုပ်လက်စားပြည်သူတွေကလည်း လုပ်ငန်းတာဝန်တွေကိုမထမ်းဆောင်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရသလို အပစ်အခတ်တွေနဲ့ရင်ဆိုင်နေရတဲ့ နေရာတွေမှာဆိုရင်လည်း ပြည်သူတွေဟာ အိုးအိမ်တွေကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 

ဒီလို အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကို အနုပညာရှင်တွေ ပရဟိတအဖွဲ့အစည်းတွေကလည်း တတ်နိုင်သလောက်ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။အခုလည်း ဝေဠုကျော်က ချင်းတိုက်ပွဲရှောင် အိမ်ထောင်စု ( ၁၈၀)စာ အတွက် အစားအသောက်နဲ့ လိုအပ်တဲ့ ပစ္စည်းများကို အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ကြောင်းခုလို ပုံလေးတွေနဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။

Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Source & Photo Credit : Wailu Kyaw Facebook Page 
Source & Photo Credit : Wailu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T