မြန်မာ့ရိုးရာဓလေ့အတိုင်း ဝတ်စားဆင်ယင်ပြီး တစ်နေ့တစ်မျိုးမရိုးရအောင် လူထုလှုပ်ရှားတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြတဲ့ ပြည်သူများ

//s9.kh1.co/52/52892ab56f99d25679c6fe88bd8ac6533aad8f8c.jpeg
နေ့စဉ်သတင်းများ

 ၁၂-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာ့ရိုးရာဓလေ့အတိုင်း ဝတ်စားဆင်ယင်ပြီး တစ်နေ့တစ်မျိုးမရိုးရအောင် လူထုလှုပ်ရှားတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြတဲ့ ပြည်သူများ

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို ပြည်သူလူထုကလည်းစိတ်ဓာတ်ခွန်အားအပြည့်နဲ့ စည်းစည်းလုံးလုံးရင်ဆိုင်ကျော်ဖြတ်နေကြတာဖြစ်ပါတယ်။Gen Zတွေကတော့ဇာတိသွေး၊ဇာတိမာန်ပြည့်ဝပြီး အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံရဲတဲ့စိတ်လည်း ရှိကြပါတယ်။လူထုလှုပ်ရှားမှုတွေမှာ ရဲစွမ်းသတ္တိအပြည့်နဲ့ပါဝင်ဆောင်ရွက်ကြရင်း အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းတွေလည်း အယောက်(၅၀၀)ကျော်နေပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူလူထုကတော့ အများအကျိုးအတွက်ဆောင်ရွက်ရင်း ကြွေလွင့်သွားခဲ့ရတဲ့သူရဲကောင်းတွေ အသက်ပေးရတာနဲ့တန်အောင်လို့ ယနေ့အချိန်ထိတိုင် မမောမပန်းနိုင်ဘဲ တွန်းလှန်နေကြတာဖြစ်ပါတယ်။လူငယ်တွေကလည်းလူထုလှုပ်ရှားမှုတွေကို နည်းလမ်းမျိုးစုံနဲ့ နေ့စဉ်ရက်ဆက်ပြုလုပ်နေကြဆဲဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်တွေက မြန်မာ့ရိုးရာဓလေ့အတိုင်း ဝတ်စားဆင်ယင်ကာ “တောဓလေ့သပိတ်စစ်ကြောင်း”ဆိုပြီး အေးချမ်းစွာပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိန်းကလေးတွေက ထဘီနဲ့ရင်ဖုံး၊ရင်စေ့အင်္ကျီလေးတွေကိုဝတ်ဆင်ကြပြီး ယောကျ်ားလေးတွေကလည်း ပုဆိုးနဲ့ရှပ်အင်္ကျီလေးတွေဝတ်ကာ ခမောက်ပါဆောင်းထားကြတာဖြစ်ပါတယ်။လူငယ်တွေကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် အကြံဉာဏ်မျိုးစုံနဲ့ လူထုလှုပ်ရှားမှုတွေကိုပြုလုပ်နိုင်တဲ့အတွက် လေးစားစရာကောင်းကြပါတယ်။မြန်မာ့အငွေ့အသက်တွေလွှမ်းခြုံထားပြီး အေးအေးချမ်းချမ်းနဲ့ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T