နေစရာအိမ်မရှိလို့ လမ်းပေါ်မှာပဲအဆင်ပြေသလိုနေထိုင်စားသောက်နေရတဲ့ ဦးလေးကြီးကို စေတနာရှေ့ထားပြီးကူညီဖေးမပေးခဲ့တဲ့ လူငယ်တစ်ဦး

//s9.kh1.co/a9/a955eda9ad4f647ab55acb781c1bec635841e77a.jpeg
နေ့စဉ်သတင်းများ

 ၁၂-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

နေစရာအိမ်မရှိလို့ လမ်းပေါ်မှာပဲအဆင်ပြေသလိုနေထိုင်စားသောက်နေရတဲ့ ဦးလေးကြီးကို စေတနာရှေ့ထားပြီးကူညီဖေးမပေးခဲ့တဲ့ လူငယ်တစ်ဦး

ပြည်သူတွေကတော့ ကိုယ်တိုင်အခက်အခဲမျိုးစုံကိုရင်ဆိုင်နေရပေမယ့်လည်း တခြားသူအပေါ်ကိုယ်ချင်းစာနာစိတ်ထားပေးတတ်ကြတာဖြစ်ပါတယ်။လူသားအချင်းချင်း ကူညီဖေးမပေးပြီး စေတနာ၊မေတ္တာအပြည့်နဲ့ ဆက်ဆံပေးနေကြတာကို ဒီလိုအရေးပေါ်အခြေအနေမှာ ထင်ထင်ရှားရှားကြုံတွေ့နေရတာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် တချို့ပြည်သူတွေဆိုရင် စားဝတ်နေရေးခက်ခဲနေရပြီး တစ်နေ့စာ စားသောက်ဖို့အတွက်တောင်ခက်ခဲနေရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်လည်း ဦးလေးကြီးတစ်ယောက်က နေစရာအိမ်လည်းမရှိတာကြောင့် မြို့ဝ၊ကန်ပတ်လမ်း၊အမှတ်(၆)ကျောင်းနားမှာပဲ အဆင်ပြေသလို နေထိုင်စားသောက်နေရတာပဲဖြစ်ပါတယ်။ဦးလေးကြီးရဲ့အခြေအနေကိုသနားဂရုဏာဖြစ်မိတဲ့လူငယ်တစ်ဦးက တတ်နိုင်တဲ့ငွေကြေးလေးနဲ့ ကူညီပေးခဲ့တာဖြစ်ပါတယ်။ဦးလေးကြီးကလည်း သူ့ကိုမုန့်ဖိုးပေးလို့အရမ်းပျော်ရွှင်သွားပြီး စေတနာရှင်လူငယ်လေးကို လက်ဆွဲနှုတ်ဆက်လိုက်တဲ့အပြင်ကျေးဇူးတင်ကြောင်းပါ ခဏခဏပြောနေသေးတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုးခက်ခဲနေတဲ့ဦးလေးကြီးကို မိမိတတ်နိုင်သလောက် ကူညီပေးလိုက်တဲ့ စေတနာရှင်လူငယ်လေးရဲ့စိတ်ဓာတ်က လေးစားစရာကောင်းလှပါတယ်။လောကဓံရဲ့ခါးသီးမှုဒဏ်ကို ရင်ဆိုင်နေရတဲ့ ဦးလေးကြီးအတွက်တစ်နိုင်တစ်ပိုင်လေးကူညီလှူဒါန်းပေးချင်တယ်ဆိုရင်တော့( 09797060356)ကို ဆယ်သွယ်လှူဒါန်းလို့ရပါတယ်။တစ်ခုခုဆို အမြဲကူညီပေးတတ်တဲ့စေတနာရှင်ပြည်သူတွေ တွေ့မြင်ပြီးလှူဒါန်းရအောင်လို့ ဦးလေးကြီးရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T