ကိုယ်ဝန်မပေါ့မပါးနဲ့ စျေးခြင်းတောင်းခေါင်းပေါ်ရွက်ပြီးရုန်းကန်နေရတဲ့ (၁၆)နှစ်အရွယ်မိန်းကလေးကို တတ်နိုင်သလောက်ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/95/95a08ec777c86827bd1736b42b9399633661573d.jpeg
နေ့စဉ်သတင်းများ

 ၁၂-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ်ဝန်မပေါ့မပါးနဲ့ စျေးခြင်းတောင်းခေါင်းပေါ်ရွက်ပြီးရုန်းကန်နေရတဲ့ (၁၆)နှစ်အရွယ်မိန်းကလေးကို တတ်နိုင်သလောက်ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

ယခုကာလမှာဆိုရင်တော့ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတချို့လည်း မိသားစုဝမ်းရေးအတွက် ကြိုးစားရပ်တည်နေကြရတာဖြစ်ပါတယ်။ဒီလိုအန္တရာယ်များတဲ့အချိန်မှာ လမ်းပေါ်ထွက်ပြီး စျေးရောင်းနေကြတဲ့သူတွေကိုပြည်သူလူထုက ကြုံရင်ကြုံသလို ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း (၁၆)နှစ်ကျော်အရွယ်ပဲရှိသေးတဲ့ မိန်းကလေးတစ်ယောက်က စားဝတ်နေရေးအတွက် စျေးခြင်းတောင်းခေါင်းပေါ်ရွက်ပြီး အသီး၊အရွက်လေးတွေကို လှည့်လည်ရောင်းချနေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတစ်ဦးကတော့ သမီးငယ်လေးကိုချီထားပြီး ကိုယ်ဝန်မပေါ့မပါးနဲ့ ရုန်းကန်နေရတဲ့မိန်းကလေးဆီကနေဟင်းသီးဟင်းရွက်တွေကို ဝယ်ယူအားပေးလိုက်တာဖြစ်ပါတယ်။မိန်းကလေးရဲ့အမျိုးသားက သူမကိုထားသွားခဲ့တာကြောင့် သမီးလေးနဲ့ဗိုက်ထဲကသားလေးကို ပြုစုပျိုးထောင်ပေးဖို့အတွက် တစ်ယောက်တည်းရုန်းကန်နေရရှာတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူကလည်း ဗိုက်ထဲကသားလေးကိုမွေးစားဖို့အတွက် မေးတဲ့အခါမှာ"မပေးပါဘူး မမရယ် ညီမကလေးကို ညီမရအောင်စောင့်ရှောက်မှာပါ ညီမမှာသံယောဇဥ်ဆိုလို့ ဒီသားလေးပဲရှိတာ"ဆိုပြီး ပြန်ဖြေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အသက်သာငယ်ပေမယ့် မိခင်စိတ်ဓာတ်အပြည့်အဝရှိပြီး ကလေးတွေကိုကျွေးမွေးစောင့်ရှောက်နေတာဖြစ်ပါတယ်။မိန်းကလေးရဲ့စိတ်ဓာတ်ကိုလေးစားသွားတဲ့ပြည်သူကတော့ သူမအတွက် ပေါင်မုန့်တွေ၊ကိတ်မုန့်တွေဝယ်ပေးတဲ့အပြင် ဗိုက်ဖုံးအင်္ကျီတွေနဲ့ကလေးအနှီးတွေကိုလည်း ထည့်ပေးလိုက်တာဖြစ်ပါတယ်။နောက်ထပ်ပြည်သူတွေကလည်း သူမအတွက် ထမင်းနဲ့ကြက်မွှကြော်တွေကိုပါ ပြန်ခါနီးပေးလိုက်သေးတာဖြစ်ပါတယ်။ခြေထောက်လေးတစ်ဖက်မသန်ပေမယ့် ကလေးတွေအပေါ်မှာမိခင်စိတ်ဓာတ်အပြည့်ရှိပြီး ကြိုးစားရပ်တည်နေတဲ့မိန်းကလေးကို ကူညီချင်တယ်ဆိုရင်တော့(09 402575898)ကို ဆက်သွယ်မေးမြန်းပြီး လှူဒါန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T