ကလေးမြို့လေးအတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေပွန်ပေးခဲ့လို့ ပြည်သူတွေရဲ့အလေးပြုနှုတ်ဆက်ခြင်းခံခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်

//s9.kh1.co/96/9628ce05380cc309cfaeff9a3fb966d4bfb8a7fd.jpeg
နေ့စဉ်သတင်းများ

 ၁၁-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

ကလေးမြို့လေးအတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေပွန်ပေးခဲ့လို့ ပြည်သူတွေရဲ့အလေးပြုနှုတ်ဆက်ခြင်းခံခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်

အခုချိန်မှာတော့ ပြည်သူတွေက သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ပြသနေကြတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိလာခဲ့ပြီဖြစ်တာကြောင့် ပြည်သူတွေက တစ်ဦးကိုတစ်ဦး ကူညီကာကွယ်ပေးနေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလ (၇)ရက်နေ့ကလည်း ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ လူစုခွဲဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ပြည်သူတစ်ချို့ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကျဆုံးသွားတဲ့ ပြည်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ကိုနိုင်လင်းဦးကလည်း ကလေးမြို့အတွက် တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ် ။ ကိုနိုင်လင်းဦးက ကိုယ့်မြို့လေးမှာရှိတဲ့ ပြည်သူတွေကိုကာကွယ်ဖို့အတွက် အသက်နဲ့ရင်းကာ ပါဝင်လှုပ်ရှားခဲ့ပေမယ့်လည်း စောစီးစွာ ကြွေလွင့်သွားခဲ့ရတာ ဖြစ်ပါတယ် ။ တစ်ဦးတည်းသော သားလေးဖြစ်တဲ့ ကိုနိုင်လင်းဦးရဲ့နာရေးသတင်းကတော့ ပြည်သူတွေကိုပါ ဝမ်းနည်းကြေကွဲစေခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူရဲကောင်းလေး ကိုနိုင်လင်းဦးရဲ့စျာပနပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူတစ်ဦးကတော့ သူ့အတွက် အရမ်းစိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် "လူမသိသူမသိ အာဇာနည်လေးရဲ့နောက်ဆုံးခရီး လိုက်ပါနှုတ်ဆက်ပို့ဆောင်သူ နည်းပါးမှာကို မသိနိုင်ရှာတော့တဲ့ ညီလေးနိုင်လင်းဦး အတွက် မျက်နှာပူနေမိပါတယ်။ " ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ကိုနိုင်လင်းဦးရဲ့နောက်ဆုံးခရီးမှာ သူတို့ရွာက ရွာသူရွာသားတွေသာမက တစ်ခြားနေရာက ပြည်သူတွေကပါ ရောက်လာပြီး အလေးပြုနှုတ်ဆက်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source & Photo Credit-Original Uploader

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T