သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အားလုံးက ချစ်စနိုးနဲ့ ပရဟိတမင်းသမီးကြီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် အလှူအတန်းတွေကို အားကြိုးမာန်တတ်လုပ်ဆောင်နေသူတစ်ယောက်ပါ။ " ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ" ကိုလည်း ဦးစီးတည်ထောင်ထားကာ မိဘမဲ့ကလေးတွေကို မိခင်ရင်းစဖွယ် အစစအရာရာ ကျွေးမွေးပြုစုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။
ခုလိုကာလမှာလည်း ခိုင်နှင်းဝေကနေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ နေရာတွေကို အခက်အခဲတွေကြားကနေ သွားရောက်ကာ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းပေးနေတာလည်း တွေ့ရပါတယ်။ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစားအားကျနေကြတာပါ။
အခုလည်း တောင်ဒဂုံက အိမ်ခြေ (၃၀၀) စုအတွက် တစ်အိမ်ထောင်လျှင် ဆန် (၅) ပြည်စီကို အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း အလှူပုံလေးတွေနဲ့အတူ " တောင်ဒဂုံဘက်မှ အိမ်ခြေ (၃၀၀) အားတစ်အိမ်ထောင်လျှင် ဆန် (၅) ပြည်စီ လှူဒါန်းခဲ့ပါတယ်ရှင်...ဆန်မရှိတဲ့ ဆန်အိုးထဲသို့ ဆန်အလှူရောက်ရှိသွားတဲ့ အတွက် အလှူခံ ပုဂ္ဂိုလ်တွေရော အလှူရှင် ပုဂ္ဂိုလ်တွေပါ ကုသိုလ်တရား ပွားများ သာဓု ခေါ်နိုင်ကြပါစေရှင်.."ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။