ဗိုက်ဆာတဲ့သူတွေစားလို့ရအောင် အိမ်ရှေ့မှာ ထမင်းထုပ်တွေချိတ်ထားခဲ့ပြီး လာယူစားသူတစ်ဦးရဲ့ စကားလေးကြောင့် ပီတိဖြစ်သွားရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/bf/bf362ef7967981cec37e6d4717deda6384a3c120.jpeg
နေ့စဉ်သတင်းများ

 ၁၁-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဗိုက်ဆာတဲ့သူတွေစားလို့ရအောင် အိမ်ရှေ့မှာ ထမင်းထုပ်တွေချိတ်ထားခဲ့ပြီး လာယူစားသူတစ်ဦးရဲ့ စကားလေးကြောင့် ပီတိဖြစ်သွားရတဲ့ ပြည်သူတစ်ဦး

လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုရဲ့ တစ်ဦးအပေါ်တစ်ဦးထားကြတဲ့ စိတ်ရင်းစေတနာတွေကိုလည်းထင်ထင်ရှားရှားတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်က အိမ်တိုင်းနီးပါးမှာဆိုရင် ဗိုက်ဆာနေတဲ့သူတွေအလွယ်တကူယူစားလို့ရအောင် ထမင်းနဲ့ဟင်းတွေကို ကြွပ်ကြွပ်အိတ်ထဲထည့်ကာ သေချာထုပ်ပြီး အိမ်ရှေ့သစ်ပင်မှာ ထွက်ချိတ်ပေးထားကြတာဖြစ်ပါတယ်။အဲ့ဒီနည်းလမ်းလေးကတော့ ရှမ်းပြည်နယ်ရဲ့ ချစ်စရာကောင်းတဲ့ရိုးရာဓလေ့တစ်ခုပဲဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်လည်း ရှမ်းပြည်နယ်မှာနေထိုင်တဲ့ပြည်သူတစ်ဦးက ထမင်း(၂)ထုပ်၊ဟင်း(၄)ထုပ်ကို အိမ်ရှေ့က တရုတ်စကားဝါပန်းပင်လေးမှာ ထွက်ချိတ်ပေးထားတာဖြစ်ပါတယ်။အဲ့ဒီပြည်သူကလည်း ပိုပြီးပီတိဖြစ်ချင်လို့ ဗိုက်ဆာတဲ့သူတွေလာယူစားတာကို စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။မကြာခင်အချိန်မှာပဲ လူတစ်ယောက်ရောက်လာပြီးထမင်းထုပ်၊ဟင်းထုပ်လေးတွေကို လာယူခဲ့တာ ဖြစ်ပါတယ်။ထမင်းထုပ်လှူပေးတဲ့ပြည်သူကလည်း လာယူတဲ့သူကို“အကုန်ယူသွားပါလို့” လှမ်းပြောလိုက်ပြီး စေတနာတွေပိုခဲ့တာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့လိုပြောလိုက်ချိန်မှာ ထမင်းထုပ်လာယူတဲ့သူက “ရပါတယ်ဗျာ အစ်ကိုတစ်ယောက်စာလေးပဲယူသွားပါ့မယ်အကုန်လုံးမယူသွားချင်ပါဘူး အနောက်မှာ သူ့လိုပဲ ဗိုက်ဆာတဲ့သူတွေ လာယူစားလို့ရအောင်”ဆိုပြီး သူစားဖို့အတွက် ထမင်းတစ်ထုပ်၊ဟင်းတစ်ထုပ်ကိုသာ ယူသွားတာဖြစ်ပါတယ်။လှူလိုက်ရတဲ့ပြည်သူကတော့ မွန်မြတ်တဲ့စိတ်ထားလေးနဲ့ ကိုယ်ချင်းစာပေးတတ်တဲ့စကားလေးကို ပြန်ကြားလိုက်ရလို့ အရမ်းပီတိဖြစ်နေတာဖြစ်ပါတယ်။အခုလိုမျိုး လူသားအချင်းချင်းစာနာထောင်ထားပြီး တတ်နိုင်သလောက်ပြန်လည်ကူညီပေးတတ်ကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T